
နေပြည်တော် ဧပြီ ၂၀
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ အဌာရသမ ကြိမ်မြောက် စုပေါင်း ရဟန်းခံ၊ ရှင်ပြု၊ အလှူတော် မင်္ဂလာကို ဧပြီ ၁၉ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ရှိ ရန်အောင်မြင်ကျောင်း တိုက်၌ ပြုလုပ်ရာ မဟာဗောဓာရုံကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တနာရဒ အမှူးပြု သော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ရဟန်းလောင်းများ၊ ရှင်သာမဏေ လောင်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
ဦးစွာ တိုင်းမှူးနှင့် အဖွဲ့ဝင်များက ရဟန်းလောင်း များ၊ ရှင်သာမဏေလောင်းများ၊ ၎င်းတို့၏ မိဘများ နှင့်အတူ လားရှိုးမြို့အတွင်း ရှင်လောင်းလှည့်လည် ခဲ့ပြီး ရန်အောင်မြင်ကျောင်းတိုက်ရှိ ရန်အောင်မြင် ဘုရားအား လက်ယာရစ်လှည့်လည်ပူဇော်ကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက် လာကြသူများက ရှင်သာမဏေလောင်းများကို ဘိသိတ်သွင်းခြင်းနှင့် ရဟန်းလောင်းများ၊ ရှင်သာမဏေလောင်းများကို ဆံချမင်္ဂလာပြုလုပ်ပြီး ဆရာတော်ကြီးများက ရဟန်းလောင်း ၅၅ ပါးနှင့် ရှင်သာမဏေလောင်း အပါး ၉၀ တို့ကို သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှင့် ပေးကြသည်။
ယနေ့နံနက်ပိုင်းတွင် တိုင်းမှူးနှင့် အဖွဲ့ဝင်များ က ပင့်သံဃာ ၂၄ ပါး၊ ကျောင်းတိုက်အတွင်း သီတင်းသုံးလျက်ရှိသော ဆရာတော်၊ သံဃာ တော် အပါး ၄၀၊ ဒုလ္လဘရဟန်း ၅၅ ပါးနှင့် သာမဏေ အပါး ၉၀ စုစုပေါင်း ၂၀၉ ပါးတို့ကို သိမ်ဆင်းလောင်း လှူကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တက်ရောက် လာကြသူများက မဟာဗောဓာရုံကျောင်းတိုက် ပဓာနနာယက ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြကာ သံဃာတော်များ ရွတ်ပွား ချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူ ကြည်ညိုကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ဇမ္ဗူ အေး အေတီတပ်ဦး ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဥတ္တမထံမှ အနုမောဒနာတရားနာကြားကာ ရေစက် သွန်းချ အမျှပေးဝေကြသည်။ အခမ်းအနားအပြီးတွင် တိုင်းမှူးနှင့် တာဝန်ရှိသူများက သံဃာတော်များ အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး ဧည့်ပရိသတ် များနှင့် ဒေသခံပြည်သူများအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးကြသည်။
အဆိုပါ ရဟန်းခံ/ ရှင်ပြု အလှူတော်မင်္ဂလာတွင် တိုင်းစစ်ဌာနချုပ်နှင့် လားရှိုးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင် များ စုစုပေါင်း ၁၄၅ ပါးတို့ကို သာသနာ့ဘောင်အတွင်း သို့ သွတ်သွင်းပေးနိုင်ခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်