
နေပြည်တော် ဖေဖော်ဝါရီ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး အရာ တော်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်း (အရာ တော်)တွင် ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်၊ အခန်းဆုံးစာမေးပွဲ ဖြေဆိုပြီး ပြန်လာသည့် ကျောင်း သား ကျောင်းသူများ စီးနင်း လိုက်ပါလာသော မော်တော်ယာဉ် အား PDF အမည်ခံ အကြမ်းဖက် သမားများက အကြောင်းမဲ့ ရက်စက်စွာ မိုင်းခွဲတိုက်ခိုက်ခဲ့ သဖြင့် အပြစ်မဲ့ ကျောင်းသား ကျောင်းသူ ၁၀ ဦး မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ပြီး ကျောင်းသူတစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ယနေ့မွန်းလွဲပိုင်း က အရာတော်မြို့နယ် အခြေခံ ပညာ အထက်တန်းကျောင်း (အရာတော်)တွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်၊ အခန်းဆုံးစာမေးပွဲ ဖြေဆိုပြီး ပြန်လာသည့် ကျောင်း သား ကျောင်းသူများ လိုက်ပါ လာသော မော်တော်ယာဉ်သည် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့် တွင် အရာတော်မြို့၏အထွက် အနောက်မြောက်ဘက် မီတာ ၁၅၀၀ ခန့်အကွာသို့ အရောက်၌ PDF အမည်ခံ အကြမ်းဖက်သမား များက လက်လုပ်ရီမုမိုင်းဖြင့် အကြောင်းမဲ့ ဖောက်ခွဲတိုက်ခိုက် ခဲ့သဖြင့် ကျောင်းသူ တစ်ဦး သေဆုံးပြီး ကျောင်းသား ကျောင်း သူ ၁၀ ဦးတို့တွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။
အဆိုပါ မိုင်းစထိမှန်ဒဏ်ရာ ရရှိခဲ့သည့် ကျောင်းသား ကျောင်း သူများအား လုံခြုံရေးတပ်ဖွဲ့ဝင် များက အရာတော်မြို့ ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကု သမှု ခံယူစေလျက်ရှိကြောင်း၊ ယခုကဲ့သို့ NUG၊ CRPH နှင့် ၎င်းတို့ ၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက် အဖွဲ့များအနေဖြင့် နိုင်ငံတကာဥပဒေများ၊ ပြဋ္ဌာန်း ချက်များကို ချိုးဖောက်ကာ ကလေးသူငယ်များ၏ ပညာ သင်ကြားရေးကို နည်းမျိုးစုံဖြင့် နှောင့်ယှက် တိုက်ခိုက်မှုများ သည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု(War Crime)ကို ကျူးလွန်ခြင်းဖြစ်သဖြင့် အကြမ်း ဖက်မှု တိုက်ဖျက်ရေးဥပဒေ ရာဇသတ်ကြီးနှင့် သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် ထိရောက် စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်