အပူပိုင်းမုန်တိုင်း “နိုရူ” ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် တဖြည်းဖြည်းအားလျော့သွားမည်

 

နေပြည်‌တော်   စက်တင်ဘာ   ၂၈


ယနေ့မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ လာအိုနိုင်ငံ တောင်ပိုင်းတွင် တည်ရှိနေသောအပူပိုင်းမုန်တိုင်း “နိုရူ” (Noru) သည် လာအိုနိုင်ငံ နှင့်  ထိုင်းနိုင်ငံနယ်စပ်အနီးသို့  ရောက်ရှိခဲ့ပြီး  အနောက်ဘက်သို့  ဆက်လက် ရွေ့လျားကာ  စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် ထိုင်းနိုင်ငံပေါ်သို့ ရောက်ရှိ နိုင်ပြီး    ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်    တဖြည်းဖြည်းအားလျော့သွားမည်ဟု ခန့်မှန်းရသည်။                                                                          

မိုး/ဇလ