အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် အာဆီယံဥပဒေရေးရာအခြေခံသင်တန်း  အမှတ်စဉ် ၁/၂၀၂၂ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ


 

နေပြည်တော်   ဇန်နဝါရီ    ၁၁
အပြည်ပြည်ဆိုင်ရာဥပဒေနှင့်      အာဆီယံ ဥပဒေရေးရာအခြေခံသင်တန်း   အမှတ်စဉ် ၁/၂၀၂၂ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့  မွန်းလွဲပိုင်းတွင်    ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ်  အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

အဆင်ပြေချောမွေ့ရန် ရည်ရွယ်
သင်တန်းဖွင့်ပွဲ၌ ပြည်ထောင်စုဝန်ကြီးနှင့်  ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး က ဤသင်တန်းသည် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ   ဥက္ကဋ္ဌ၏    လမ်းညွှန်ချက်အရ ဥပဒေ   အသိပညာ      ပြန့်ပွားရေးအတွက် အပြည်ပြည်ဆိုင်ရာဥပဒေနှင့် အာဆီယံဥပဒေ ရေးရာ    အခြေခံဗဟုသုတများကို   မျှဝေရန် ရည်ရွယ်၍       ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ တက်ရောက်ရန် စေလွှတ်သည့် သက်ဆိုင်ရာ ဝန်ကြီးဌာနများထံမှလည်း    အတွေ့အကြုံ ဗဟုသုတများ ရလိုပါကြောင်း၊ အပြည်ပြည် ဆိုင်ရာစာချုပ်များ၊ ကွန်ဗင်းရှင်းများ၊ အာဆီယံ နှင့်   ဒေသဆိုင်ရာစာချုပ်များ  (Multilateral Treaty)  လက်မှတ်ရေးထိုးခြင်း၊  အတည်ပြု ပါဝင်ခြင်း    ဆောင်ရွက်ကြရာတွင်    လည်း ကောင်း၊ နိုင်ငံခြားတိုင်းပြည်များ၊ အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော  အဖွဲ့အစည်းများနှင့်  MOU  ၊   MOA   များ လက်မှတ်ရေးထိုး ဆောင်ရွက်ခြင်း(Bilateral Treaty)  တွင်  လည်းကောင်း၊   ယင်းစာချုပ် များအား    လက်မှတ်ရေးထိုးခြင်း      မပြုမီ ဤဝန်ကြီးဌာနသို့       ဥပဒေ   သဘောထား မှတ်ချက်များ တောင်းခံသည့်အခါ ဝန်ကြီးဌာန အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု အဆင်ပြေ ချောမွေ့ရန်   ရည်ရွယ်၍     ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း။
အဆင့်မြင့်သင်တန်းများဖွင့်
ဥပဒေရေးရာဝန်ကြီးဌာန၏ မဟာဗျူဟာ စီမံကိန်း (၂၀၂၀ -၂၀၂၄) တွင် အရည်အသွေး ပြည့်မီသည့်   ဥပဒေအကြံဉာဏ်   ပေးနိုင်ရေး သည် ဥပဒေရေးရာဝန်ကြီးဌာန၏ ရည်မှန်း ချက်   ပန်းတိုင်တစ်ခုဖြစ်ကြောင်း၊   အဆိုပါ  ရည်မှန်းချက်ပန်းတိုင် အကောင်အထည်ဖော် ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ကြောင်း၊ ဤသင်တန်းသည် အခြေခံသင်တန်းဖြစ်သော် လည်း   သင်တန်းကရရှိမည့်   အတွေ့အကြုံ ဗဟုသုတများကို မိမိတို့ဌာနတွင် ပြန်လည် မျှဝေသင်ကြားပေးနိုင်ရန်   Training    of Trainers(ToT) အနေဖြင့် သင်ကြားခြင်းဖြစ် ကြောင်း၊  ဆက်လက်၍ အဆင့်မြင့်သင်တန်းများ  ဖွင့်နိုင်ရန်    ကြိုးစားသွားမည်ဖြစ်ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနသည် ပြည်ထောင်စု ရှေ့နေချုပ်ဥပဒေပုဒ်မ ၁၂ (ဌ) အရ နားလည်မှု စာချွန်လွှာများ၊ သဘောတူညီချက် မှတ်တမ်း များ၊ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုဆိုင်ရာ  စာချုပ်စာတမ်းများ၊ အခြားစာချုပ်စာတမ်း များနှင့်စပ်လျဉ်း၍     ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများအား ဥပဒေအကြံဉာဏ်ပေး ခြင်းဟု  ပြဋ္ဌာန်းထားပါကြောင်း  ပြောကြား သည်။ 
လက်တွေ့လေ့ကျင့်ခန်းများ ပြုလုပ်
အဆိုပါ သင်တန်းကာလမှာ (၇) ရက်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာဥပဒေနှင့် စပ်လျဉ်းသည့် အခြေခံ စည်းမျဉ်းများ၊ ကုလသမဂ္ဂပဋိညာဉ် စာတမ်း၊ အာဆီယံပဋိညာဉ်စာတမ်း၊ ကွန်ဗင်း ရှင်းများ၊   နှစ်နိုင်ငံ    သဘောတူစာချုပ်များ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးသဘောတူ စာချုပ်များအကြောင်း၊ ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေး အခြေအနေကို ပုံမှန်သုံးသပ် သည့်  လုပ်ငန်းစဉ် (UPR  Process)  များကို  ဆွေးနွေးပို့ချမည့်အပြင်      သင်တန်းသား သင်တန်းသူများအနေဖြင့် ဝန်ကြီးဌာနများက လက်မှတ်ရေးထိုး ဆောင်ရွက်လေ့ရှိကြသည့် MOU ၊  MOA  များကို   ဥပဒေကြောင်းအရ စိစစ်ခြင်းအား   လက်တွေ့လေ့ကျင့်ခန်းများ  ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ဒုတိယ ဝန်ကြီးနှင့်   ဒုတိယရှေ့နေချုပ်   ဦးစန်းလွင်၊ တာဝန်ရှိသူများ ၊ သင်တန်းဆရာ၊ ဆရာမများ နှင့်    ဝန်ကြီးဌာနများမှ    သင်တန်းသား သင်တန်းသူများ     တက်ရောက်ကြကြောင်း သိရသည်။    
 သတင်းစဉ်