အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ

 

သီပေါ    ဇွန်    ၂၂


အပြည်ပြည်ဆိုင်ရာ  ရာသီဥတုပြောင်းလဲရေးနေ့  အထိမ်းအမှတ်အဖြစ် ၂၀၂၂ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကို  ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် အမှတ် (၁) ရပ်ကွက်  မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပရဝဏ်အတွင်း ကျင်းပရာ ကျောက်မဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ဦး က အမှာစကားပြောကြားသည်။

 


ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ   ဦးအောင်မြင့်ဦး၊   အမှတ်(၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဦးစီးမှူး (ပထမတန်း) ဒုတိယဗိုလ်မှူးကြီး လွင်ဘုန်းအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက စိုက်ပျိုးမည့် ပျိုးပင်များကို ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တပ်မတော်သားများ၊ ယဉ်ကျေးမှုအဖွဲ့များအား ပျိုးပင်များ ပေးအပ်ပြီး သတ်မှတ်နေရာအသီးသီးတွင် စုပေါင်းစိုက်ပျိုးကြသည်။

 


ယခုနှစ် သစ်ပင်စိုက်ပျိုးပွဲတော်တွင် နှစ်ပေအထက်ရှိ ရတနာတန်းဝင် ကျွန်း၊ တမလန်း၊ မဟော်ဂနီ၊ ခါတော်မီ၊ ချယ်ရီ၊ မဲဇလီနှင့် သစ်ပင်ပန်းမန် စုစုပေါင်း ၁၂၀၀ ကို စုပေါင်းစိုက်ပျိုးကြောင်း သိရသည်။                  
 

စိုင်း(သီပေါ)