အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) က ရုရှားနိုင်ငံသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးစဉ်သစ် စတင်ပြေးဆွဲပြီး ပြန်လည်ရောက်ရှိ

 

ရန်ကုန်  စက်တင်ဘာ   ၆


ရုရှား      ဖက်ဒရေးရှင်းနိုင်ငံနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ အကြား နှစ်နိုင်ငံ   ကူးလူးဆက်ဆံ ရေး  Connectivity တွင် မရှိမဖြစ် လိုအပ်သည့် လေကြောင်းသယ်ယူ ပို့ဆောင်ရေးကဏ္ဍအတွက် အပြည် ပြည်ဆိုင်ရာ     မြန်မာလေကြောင်း (MAI)  သည်       ရုရှားနိုင်ငံသို့ တိုက်ရိုက်ပျံသန်းသည့် ရန်ကုန်- မန္တလေး - နိုဗိုဆီဘရစ် - မန္တလေး- ရန်ကုန်ခရီးစဉ်သစ်ကို  စက်တင် ဘာ ၅ ရက်တွင်    စတင်ပျံသန်း ပြေးဆွဲခဲ့ပြီး စက်တင်ဘာ ၆ ရက် နံနက်ပိုင်းတွင်      ရန်ကုန်မြို့သို့   အောင်မြင်စွာ  ပြန်လည်ရောက်ရှိ ခဲ့သည်။


ရုရှားနိုင်ငံသို့  စတင်ပျံသန်း ပြေးဆွဲသည့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း  (MAI) သည် ရန်ကုန်    အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စက်တင်ဘာ ၅ ရက် မွန်းလွဲ ၂ နာရီ ၅ မိနစ်တွင် စတင် ထွက်ခွာခဲ့ပြီး       မန္တလေးမြို့မှ တစ်ဆင့် ရုရှားနိုင်ငံ  နိုဗိုဆီဘရစ် မြို့သို့     ထွက်ခွာခဲ့ခြင်းဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ     မြန်မာ လေကြောင်း (MAI) သည် မန္တလေး မြို့မှ  ရုရှားနိုင်ငံသို့  မထွက်ခွာမီ မန္တလေး   အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်  မန္တလေးတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်  တာဝန်ရှိသူများက    ကြိုဆိုနှုတ် ဆက်ခဲ့ပြီး  ပထမဆုံးခရီးစဉ်တွင် လိုက်ပါလာသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ အမှတ်တရစုပေါင်း ဓာတ်ပုံ ရိုက်ကူးကြသည်။


အပြည်ပြည်ဆိုင်ရာ  မြန်မာ လေကြောင်း (MAI) သည် ရုရှား နိုင်ငံသို့     တိုက်ရိုက်ပျံသန်းသည့် ရန်ကုန် - မန္တလေး - နိုဗိုဆီဘရစ်  - မန္တ‌လေး - ရန်ကုန်   ခရီးစဉ်ကို အပတ်စဉ် အင်္ဂါနေ့နှင့် စနေနေ့ တို့တွင် တစ်ပတ်နှစ်ကြိမ်   ပျံသန်း ပြေးဆွဲမည်ဖြစ်ပြီး ခရီးသွားများ အနေဖြင့်   ယခုခရီးစဉ်  ရောက်ရှိ မည့်     နိုဗိုဆီဘရစ်မြို့မှ  S7 လေကြောင်းလိုင်းကို  အသုံးပြု၍ မြို့တော်မော်စကို အပါအဝင် ရုရှား နိုင်ငံ၏ အခြားမြို့များသို့ ဆက်လက် သွားရောက်နိုင်မည်ဖြစ်ပြီး ရုရှား နိုင်ငံမှ  ခရီးသွားများအနေဖြင့်လည်း    ယခုခရီးစဉ်ကို အသုံးပြု၍ မြန်မာ နိုင်ငံတစ်ဝန်းလုံးသာမက     MAI   က   ပျံသန်းပြေးဆွဲလျက်ရှိသော   အခြားအာဆီယံနိုင်ငံများသို့လည်း ချိတ်ဆက်လည်ပတ်သွားလာနိုင် မည်ဖြစ်ကြောင်း သိရသည်။


အပြည်ပြည်ဆိုင်ရာ    မြန်မာ လေကြောင်း  (MAI)  အနေဖြင့် ရုရှားနိုင်ငံသို့ ယခုစတင်ပြေးဆွဲ သည့်    ခရီးစဉ်အပြင်    မကြာမီ ကာလအတွင်း   AirBus   A330 ကဲ့သို့သော လေယာဉ်ကြီးများဖြင့် Long Haul Flight များအသုံးပြု၍ ရုရှားနိုင်ငံ မော်စကိုမြို့၊ စိန့်ပီတာ စဘတ်မြို့များအထိ   တိုက်ရိုက် ပျံသန်းပြေးဆွဲသွားရန် စီစဉ်လျက် ရှိသည့်အပြင် တရုတ်နိုင်ငံ ပေကျင်း မြို့ အပါအဝင်  အခြားမြို့ကြီး ၁၁  မြို့အထိပါ ခရီးစဉ်သစ်များ တိုးချဲ့ ပျံသန်းပြေးဆွဲရန်   စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။ 


ကိုညီလေး၊ ဓာတ်ပုံ-သော်ကြီး