အဖျက်အမှောင့်လုပ်ငန်းများကို မင်းမဲ့စရိုက်ဆန်စွာဖြင့် ဆောင်ရွက်လာသဖြင့် လုံခြုံရေးရဲတပ်ဖွဲ့များက တရားဥပဒေစိုးမိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်

နေပြည်တော်   မတ်     ၁ 


အဖျက်အမှောင့် လုပ်ငန်းများကို မင်းမဲ့စရိုက်ဆန်စွာ အရှိန်အဟုန် မြှင့်         ဆောင်ရွက်လာသဖြင့်   အုပ်ချုပ်ရေး  အဖွဲ့အစည်းများနှင့်  လုံခြုံရေးရဲတပ်ဖွဲ့များက တရား ဥပဒေစိုးမိုးရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်   ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က       သတင်း ထုတ်ပြန်ထားသည်။


ထပ်မံသတင်းထုတ်ပြန်


အဆိုပါ ထုတ်ပြန်ချက်တွင် ဖေဖော်ဝါရီ ၂၈ ရက်တွင် ပဲခူးမြို့ ပန်းလှိုင်ရပ်ကွက်    ပဲခူးမြစ်ကူး တံတားအနီး၌ လူစုလူဝေးဖြစ်ပွား မှုနှင့်     (စိန်ဟင်း)   ကုန်စုံဆိုင်၌ ပစ္စည်းများဝင်ရောက်   ဖျက်ဆီး မှုတို့နှင့်ပတ်သက်၍    လုံခြုံရေး တပ်ဖွဲ့ဝင်များက    ဆောင်ရွက်မှု အခြေအနေနှင့်     ဖြစ်စဉ်အပေါ် အသေးစိတ်ထပ်မံ စိစစ်ခဲ့မှုအခြေ အနေအား ထပ်မံသတင်းထုတ်ပြန်  ထားခြင်း ဖြစ်သည်။


ဖေဖော်ဝါရီ ၂၈ ရက် နံနက်  ၉ နာရီ ၂၅ မိနစ်ခန့်တွင် ပဲခူးမြို့ ပန်းလှိုင်ရပ်ကွက်      ပဲခူးမြစ်ကူး တံတားအနီး၌           လူစုလူဝေး အင်အား ၁၀၀၀ ကျော်ခန့်သည် စုဝေးရောက်ရှိကာ အော်ဟစ်ဆူပူ ပြီး တုတ်၊ အုတ်ခဲများကိုင်ဆောင် ပြီး အဓိကရုဏ်းဆန်ဆန် ဖြစ်ပွား ခဲ့သဖြင့်      လုံခြုံရေးတပ်ဖွဲ့ဝင် အင်အား   ၁၂၀   ဖြင့်   ညှိနှိုင်း ဖြေလျှော့ တားဆီးခြင်း၊ ထုတ်ပြန် ထားရှိသော အမိန့်နှင့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာလူစုခွဲ ပါရန်   အကြိမ်ကြိမ်မေတ္တာရပ်ခံ သတိပေးပြောကြားခဲ့သည်။


သို့ရာတွင် လူစုလူဝေးအနေ ဖြင့်   လိုက်နာမှုမရှိသဖြင့်  လူစု လူဝေးကိုင်တွယ် ထိန်းသိမ်းနည်း လုပ်ငန်းစဉ်အတိုင်း    မီးခိုးဖြူဗုံး  (၆)   လုံး၊ ၁၂  ဗို့    ပြောင်းချော သေနတ်ဖြင့်     (၁၂) ချက်အား ခြောက်လှန့်ပစ်ခတ်ကာ     ပထမ အကြိမ်   လူစုအားဖြိုခွဲ၍    ဆူပူ အော်ဟစ်ဆန္ဒပြသူ    အမျိုးသား (၁၄) ဦး၊ အမျိုးသမီး (၂) ဦးတို့အား ထိန်းသိမ်းခဲ့သည်။


ရန်ပြုနိုင်ရေး ကြိုးစား


ထိုသို့  ထိန်းသိမ်းခဲ့မှုအပေါ် ကျေနပ်မှုမရှိသည့်   လူစုလူဝေး အနေဖြင့်     အုတ်ခဲကျိုးများ၊ ကျောက်ခဲများနှင့်    လေးခွတို့ကို အသုံးပြုကာ       အဓိကရုဏ်းမှ အကြမ်းဖက်မှု     အသွင်သဏ္ဌာန် အဖြစ်သို့ ကူးပြောင်းကာ လုံခြုံရေး တပ်ဖွဲ့ဝင်များအား ရန်ပြုနိုင်ရေး  ကြိုးစားပြုမူခဲ့သဖြင့်   လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ပဲခူးတိုင်း ဒေသကြီး စီမံအုပ်ချုပ်မှုကောင်စီ ရုံးအရှေ့အထိ       အဆင့်ဆင့် ပြန်လည်ဆုတ်ခွာခဲ့ရပြီး     လူစု လူဝေးများက အနီးကပ်အကြမ်း ဖက်လာသဖြင့် အသံမြည်ဗုံး (၁၆) လုံး၊    မီးခိုးဖြူဗုံး  (၆၀)  ဖြင့် ခြောက်လှန့်          ပစ်ခတ်ခြင်းများ ဆောင်ရွက်ခဲ့ရာ လူစုလူဝေးအား ကိုင်တွယ်   ထိန်းသိမ်းနည်းအရ မောင်းပြန်ရိုင်ဖယ်    (၁) လက် အသုံးပြုကာ   အပေါ်သို့ထောင် ဖောက်            ခြောက်လှန့်ခြင်းမှ နောက်ဆုံးအဆင့်အနေဖြင့် မလွှဲ  မရှောင်သာ ပစ်ခတ်ထိန်းသိမ်းမှု များကို ဆောင်ရွက်ခဲ့ရာ ဆူပူသူ လူစုလူဝေးမှ ဦးစီးခေါင်းဆောင် ပြုလုပ်သူ   အမျိုးသား (၂) ဦး ထိခိုက်သေဆုံးကာ အမျိုးသား (၁၄) ဦး၊ အမျိုးသမီး (၂) ဦးတို့အား ဖမ်းဆီးထိန်းသိမ်းခဲ့ရသည်။


အလားတူ      ဖြစ်စဉ်ကဲ့သို့ ပဲခူးမြို့နယ်   ဈေးပိုင်းရပ်ကွက် ရန်ကုန်-မော်လမြိုင် အမှတ်(၂)  လမ်းမကြီးဘေးတွင်တည်ရှိသော (စိန်ဟင်း)         အိမ်သုံးပစ္စည်း ကုန်စုံဆိုင် (၅) ထပ် အဆောက် အအုံသို့ ဆူပူသူလူစုလူဝေး (၁၅၀)ကျော်ခန့်သည် နေ့လယ် (၂)နာရီ ခွဲအချိန်တွင်    ရောက်ရှိလာကာ လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းကုန်စုံဆိုင်     အပေါ်ထပ်မှ လက်နက်ဖြင့်     ပစ်ခတ်သည် ဆိုသည့် ကောလာဟလသတင်း များအရ ဆိုင်အတွင်းဝင်ရောက် ဖျက်ဆီးခြင်း၊   ပစ္စည်းများအား ထုခွဲခြင်း၊ ဆိုင်အတွင်းမှပစ္စည်း များအား လမ်းပေါ်သို့သယ်ထုတ် မီးရှို့ကာ ထိန်းမနိုင်သိမ်းမရတော့  သည့် အကြမ်းဖက်မှုဖြစ်စဉ်များ  တောက်လျှောက်ဖြစ်ပွားလာခဲ့ သဖြင့်        လူစုလူဝေးကိုင်တွယ် ထိန်းသိမ်းမှု လုပ်ငန်းစဉ်အတိုင်း  မလွှဲမရှောင်သာ ပစ်ခတ်ထိန်းသိမ်း ရာမှ  ဆူပူသူ အမျိုးသား (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။


ဖြစ်စဉ်များနှင့် ပတ်သက်၍  လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့်  လူစုလူဝေးအား ထိခိုက်ဒဏ်ရာ ရရှိမှု  အနည်းဆုံးဖြစ်ရေးကိုသာ ဦးတည်ဆောင်ရွက်ခဲ့သော်လည်း  အဓိကရုဏ်းပုံစံမှ အကြမ်းဖက်မှု သို့ တိုးမြှင့်ကာ ဆက်လက်ဆောင် ရွက်နေမှုကြောင့်         ပစ်ခတ် ထိန်းသိမ်းခြင်းများကို ဆောင်ရွက် ခဲ့ရခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိ ရသည်။


ရှောင်ကြဉ်ရန် အသိပေးထား


လူသေဆုံးမှု    ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာရဲစခန်း တွင်   သေမှုသေခင်းရေးဖွင့်ကာ လိုအပ်သည့် လုပ်ငန်းစဉ်များနှင့် အညီ    ဆက်လက်ဆောင်ရွက် လျက်ရှိပါကြောင်းနှင့် အဓိကရုဏ်း ဖြစ်ပွားရေးကို ဦးတည်ဆောင်ရွက် နေသူများအနေဖြင့်     ယခုကဲ့သို့ အကြမ်းဖက်မှုပုံစံသို့     ပြောင်းလဲ ဆောင်ရွက်နေမှု အခြေအနေအား ပြည်သူလူထုအနေဖြင့်     အသိ    သတိနှင့် ယှဉ်တွဲကာ ရှောင်ကြဉ် ကြပါရန်   အသိပေးထားကြောင်း သိရသည်။        


        သတင်းစဉ်