အဖျက်အမှောင့်လုပ်ငန်းများကို မင်းမဲ့စရိုက်ဆန်စွာဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်လာသဖြင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက တရားဥပဒေစိုးမိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ

နေပြည်တော် ဖေဖော်ဝါရီ ၂၈
အဖျက်အမှောင့်လုပ်ငန်းများကို  မင်းမဲ့စရိုက်ဆန်စွာ ဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်လာသဖြင့် အုပ်ချုပ် ရေးအဖွဲ့အစည်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက တရားဥပဒေစိုးမိုးရေးအတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း   မြန်မာနိုင်ငံရဲတပ်ဖွဲ့က   သတင်း ထုတ်ပြန်ထားသည်။    
အဆိုပါထုတ်ပြန်ချက်တွင်   နိုင်ငံတော်အစိုးရ အနေဖြင့်  နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးအတွက်  အများပြည်သူလူထု၏ လိုလား ချက်နှင့်အညီ လိုအပ်သည့် အမိန့်၊ ညွှန်ကြားချက် များအား   ထုတ်ပြန်ကြေညာပြီး   ပြည်သူလူထုသို့ အသိပေးကြေညာချက်    ထုတ်ပြန်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း။
တရားဥပဒေ စိုးမိုးရေး
ဖေဖော်ဝါရီ ၂၈ ရက်တွင်  နိုင်ငံတော်ဆန့်ကျင်ရေး ကို  ဦးစီးဆောင်ရွက်နေသော   အဖွဲ့အစည်းများက Social Media များမှ  လှုံ့ဆော်ခြင်း၊  ကွန်ရက်များ ဖွဲ့စည်း၍   လူငယ်ထုအား   သွေးထိုးလှုံ့ဆော်ကာ ရှေ့တန်းတင်လာခြင်း၊  လူငယ်စုအား ခြိမ်းခြောက် အကျပ်ကိုင်ခြင်းဖြင့်  အဖျက်အမှောင့်လုပ်ငန်းများကို မင်းမဲ့စရိုက်ဆန်စွာဖြင့်    နိုင်ငံတော်အတွင်း   နေရာ ဒေသအချို့တွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လာနေ သည်ကို တွေ့ရှိရပြီး အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း တရားဥပဒေ စိုးမိုးရေးအတွက်           ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း။
ဖေဖော်ဝါရီ    ၂၈   ရက်       မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ   နေပြည်တော်   တပ်ကုန်း မြို့နယ်     အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် လူစုလူဝေးများဖြစ်ပွားခဲ့ရာ   လုံခြုံရေးတပ်ဖွဲ့ဝင်များ က အသံမြည်ဗုံး၊ ( ဒသမ ၁၂) ဗို့ပြောင်းချောသေနတ် တို့ဖြင့် ပစ်ခတ်လူစုခွဲခဲ့ရပြီး ဆူပူအော်ဟစ်ဆန္ဒပြသူ အမျိုးသား (၅)ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း။ 
အလားတူ  ရန်ကုန်တိုင်းဒေသကြီး   သာကေတ မြို့နယ်အတွင်း   ရှုခင်းသာလမ်း၊    သင်္ဃန်းကျွန်း ငမိုးရိပ်လမ်း၊ KBZ ဘဏ်ရှေ့၊   လှိုင်အင်းစိန်လမ်းမ၊ စီးပွားရေးဘဏ်ရှေ့၊ ကမာရွတ် လှည်းတန်းဈေးရှေ့၊ လှည်းတန်းမာလာဆောင်ရှေ့၊      ကြည့်မြင်တိုင်   တိုင်းပညာရေးမှူးရုံးရှေ့၊   ရန်ကင်း(၁၄) ရပ်ကွက်၊ အောင်ဇေယျလမ်း၊ ကျောက်တံတား  တော်ဝင် ခုံးကျော်တံတားတို့တွင်   လူစုလူဝေးများဖြစ်ပွားခဲ့ရာ  လုံခြုံရေးတပ်ဖွဲ့ဝင်များက   အသံမြည်ဗုံး၊ ( ဒသမ ၁၂)ဗို့  ပြောင်းချောသေနတ်၊   မျက်ရည်ယိုဗုံးတို့ဖြင့် ပစ်ခတ်လူစုခွဲခဲ့ရပြီး     ဆူပူအော်ဟစ်ဆန္ဒပြသူ အမျိုးသား (၇၈)ဦး၊  အမျိုးသမီး (၂၄၄)ဦး၊ စုစုပေါင်း (၃၂၂)ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း။
ဆူပူဆန္ဒပြသူများအား ဖမ်းဆီးထိန်းသိမ်း
အလားတူ   မန္တလေးတိုင်းဒေသကြီး   ချမ်းမြ သာစည်မြို့နယ်၊   ပြည်ကြီးတံခွန်မြို့နယ်နှင့် မဟာအောင်မြေမြို့နယ်တို့တွင်      လူစုလူဝေးများ ဖြစ်ပွား ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက လူစုခွဲခဲ့ရကြောင်း။
အလားတူ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ပြည်မြို့ နှင့်  တောင်ငူမြို့တို့တွင်  လူစုလူဝေးများ  ဖြစ်ပွားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက   အသံမြည်ဗုံး၊ ( ဒသမ ၁၂)ဗို့ ပြောင်းချောသေနတ်၊  မျက်ရည်ယိုဗုံး၊ မီးခိုးဖြူ ဗုံးတို့ဖြင့် ပစ်ခတ်လူစုခွဲခဲ့ရပြီး ဆူပူအော်ဟစ်ဆန္ဒပြသူ အမျိုးသား(၁၀)ဦးကို  ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း။
ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊  စစ်ကိုင်းမြို့ နှင့်   မုံရွာမြို့တို့တွင်   လူစုလူဝေးများ ဖြစ်ပွားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက  အသံမြည်ဗုံး၊ ( ဒသမ ၁၂)ဗို့ ပြောင်းချောသေနတ်၊   မျက်ရည်ယိုဗုံးတို့ဖြင့် ပစ်ခတ်လူစုခွဲခဲ့ရပြီး         ဆူပူအော်ဟစ်ဆန္ဒပြသူ အမျိုးသား (၂၇)ဦး၊ အမျိုးသမီး(၂၃) ဦး၊ စုစုပေါင်း(၅၀)တို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း။
အလားတူ   မကွေးတိုင်းဒေသကြီး၊  မကွေးမြို့၊ ပခုက္ကူမြို့နှင့်   ဂန့်ဂေါမြို့တို့တွင်   လူစုလူဝေးများ ဖြစ်ပွားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အသံမြည်ဗုံး၊ ( ဒသမ ၁၂)ဗို့ ပြောင်းချောသေနတ်၊ မျက်ရည်ယိုဗုံး၊ မီးခိုးဖြူဗုံးတို့ဖြင့် ပစ်ခတ်လူစုခွဲခဲ့ရပြီး ဆူပူအော်ဟစ် ဆန္ဒပြသူ အမျိုးသား (၅၈)ဦး၊   အမျိုးသမီး(၃) ဦး၊ စုစုပေါင်း  (၆၁)  ဦးတို့ကို   ဖမ်းဆီးထိန်းသိမ်းခဲ့ရ ကြောင်း။
အလားတူ   ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြောင်းမြမြို့၊ မအူပင်မြို့၊ လပွတ္တာမြို့နှင့်  အင်္ဂပူမြို့ တို့တွင်    လူစုလူဝေးများဖြစ်ပွားခဲ့၍   လုံခြုံရေး တပ်ဖွဲ့ဝင်များက အသံမြည်ဗုံး ( ဒသမ ၁၂)ဗို့ ပြောင်း ချောသေနတ်၊ မျက်ရည်ယိုဗုံးတို့ဖြင့်   ပစ်ခတ်လူစု ခွဲခဲ့ရပြီး ဆူပူအော်ဟစ်ဆန္ဒပြသူ  အမျိုးသား (၄၉)ဦး၊   အမျိုးသမီး(၂၉)ဦး၊   စုစုပေါင်း(၇၈)ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း။
လူစုလူဝေးများ ဖြစ်ပွား
အလားတူ         တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ မြိတ်မြို့၊  ထားဝယ်မြို့နှင့် ပုလော မြို့တို့တွင်လည်း   လူစုလူဝေးများဖြစ်ပွားခဲ့၍ လုံခြုံ ရေးတပ်ဖွဲ့ဝင်များက အသံမြည်ဗုံး၊ ( ဒသမ ၁၂)ဗို့ ပြောင်းချောသေနတ်၊  မျက်ရည်ယိုဗုံး၊  မီးခိုးဖြူဗုံး တို့ဖြင့် ပစ်ခတ်လူစုခွဲခဲ့ရပြီး ဆူပူအော်ဟစ်ဆန္ဒပြသူ အမျိုးသား (၄)ဦး၊ အမျိုးသမီး(၁) ဦး၊  စုစုပေါင်း(၅)ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း။
အလားတူ    ရှမ်းပြည်နယ်၊   တောင်ကြီးမြို့နှင့် လားရှိုးမြို့တို့တွင်     လူစုလူဝေးများ     ဖြစ်ပွားခဲ့၍ 
လုံခြုံရေးတပ်ဖွဲ့ဝင်များက အသံမြည်ဗုံး၊ (ဒသမ ၁၂) ဗို့ပြောင်းချောသေနတ်၊  မီးခိုးဖြူဗုံးတို့ဖြင့် ပစ်ခတ် လူစုခွဲခဲ့ရပြီး  ဆူပူအော်ဟစ်ဆန္ဒပြသူ   အမျိုးသား (၆)ဦး၊ အမျိုးသမီး(၁) ဦး၊ စုစုပေါင်း (၇)ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း။
အလားတူ ကရင်ပြည်နယ်၊ ဘားအံ၊ ကော့ကရိတ် နှင့် မြဝတီမြို့တို့တွင် လူစုလူဝေးများ ဖြစ်ပွားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက  ( ဒသမ ၁၂) ဗို့ပြောင်းချော သေနတ်၊ မီးခိုးဖြူဗုံးတို့ဖြင့် ပစ်ခတ်လူစုခွဲခဲ့ရပြီး ဆူပူ အော်ဟစ်ဆန္ဒပြသူ အမျိုးသား (၁၆)ဦး၊ အမျိုးသမီး (၁၁)ဦး၊ စုစုပေါင်း (၂၇)ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ ရကြောင်း။
အလားတူ မွန်ပြည်နယ်၊   မော်လမြိုင်မြို့၊   သထုံ မြို့၊   သံဖြူဇရပ်မြို့နှင့်  ရေးမြို့တို့တွင်  လူစုလူဝေးများ ဖြစ်ပွားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အသံမြည်ဗုံး၊ ( ဒသမ ၁၂)ဗို့   ပြောင်းချောသေနတ်၊   မျက်ရည်ယိုဗုံး၊ မီးခိုးဖြူဗုံးတို့ဖြင့် ပစ်ခတ်လူစုခွဲခဲ့ကြောင်း။
အလားတူ   ရခိုင်ပြည်နယ်၊   တောင်ကုတ်မြို့နယ် တွင် လူစုလူဝေးများဖြစ်ပွားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင် များက   လူစုခွဲခဲ့ရပြီး    ဆူပူအော်ဟစ်ဆန္ဒပြသူ အမျိုးသား (၃) ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း။
အလားတူ ချင်းပြည်နယ်၊  ဖလမ်းမြို့တွင်လည်း လူစုလူဝေးဖြစ်ပွားခဲ့၍     လုံခြုံရေးတပ်ဖွဲ့ဝင်များက အသံမြည်ဗုံး၊ ( ဒသမ ၁၂)ဗို့ ပြောင်းချောသေနတ်တို့ဖြင့် ပစ်ခတ်လူစုခွဲခဲ့ရပြီး      ဆူပူအော်ဟစ်ဆန္ဒပြသူ အမျိုးသား (၃) ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း။
နိုင်ငံတော်အား  ဆန့်ကျင်သောအဖွဲ့အစည်းများ က လူစုလူဝေးအချို့အား စည်းရုံးလှုံ့ဆော်ကာ လုံခြုံ ရေးတပ်ဖွဲ့ဝင်များကို    ရန်သူသဖွယ်သဘောထား၍ ထိခိုက်ဒဏ်ရာရရှိစေခြင်း၊  လုံခြုံရေးတပ်ဖွဲ့ဝင်များအားဖမ်းဆီး၍ လက်နက်များကို သိမ်းဆည်းခြင်း၊ အများပြည်သူအသုံးပြုသည့်   လမ်းကြောင်းများကို အကာအရံ အတားအဆီးများအသုံးပြု၍ နည်းမျိုးစုံ ပိတ်ဆို့ကာ လူငယ်များအား ရှေ့တန်းတင်၍ မင်းမဲ့ စရိုက်ဆန်စွာ ပြုလုပ်နေကြသည်ကို တွေ့ရှိရကြောင်း။
ထိခိုက်ဒဏ်ရာရရှိမှု  အနည်းဆုံးဖြစ်အောင်
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ထိခိုက်ဒဏ်ရာ ရရှိမှု   အနည်းဆုံးဖြစ်အောင်   ရည်မှန်းဆောင်ရွက် သော်လည်း  အဓိကရုဏ်းဖြစ်စဉ်များအား ဖြေရှင်းကြ ရာတွင်   ထိခိုက်ဒဏ်ရာရရှိမှု   ပိုမိုဖြစ်ပွားစေသည့် အကွာအဝေးအတွင်း     ဆောင်ရွက်ရမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဆူပူဆန္ဒပြသူ လူစုလူဝေး အတွင်း  ထိခိုက်ဒဏ်ရာရရှိမှုများ   ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရကြောင်း။
ယနေ့ဖြစ်စဉ်များအတွင်း  အဓိကရုဏ်းနှိမ်နင်း ရေး ဆောင်ရွက်ရာတွင်  ဆူပူဆန္ဒပြသူ   လူစုလူဝေး များအနေဖြင့်     နီးကပ်မှု   အကွာအဝေးအတွင်း ရောက်ရှိနေမှုကြောင့်   ထားဝယ်မြို့တွင်   အမျိုးသား (၄)ဦး၊ သင်္ဃန်းကျွန်းမြို့နယ်တွင်   အမျိုးသား(၁)ဦး၊ ပဲခူးမြို့တွင်    အမျိုးသား(၂)ဦး၊   ပခုက္ကူမြို့တွင် အမျိုးသား(၁)ဦးတို့ ထိခိုက်သေဆုံးမှုဖြစ်ပွားကြောင်း သိရှိရပြီး သေဆုံးခဲ့ရမှုများနှင့်ပတ်သက်၍ သက်ဆိုင် ရာရဲစခန်းအသီးသီးတွင် (သေမှုသေခင်း)ရေးဖွင့်ထား ကာ လိုအပ်သော  စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက် လျက်ရှိကြောင်း ဖော်ပြပါရှိသည်။        

သတင်းစဉ်