
နေပြည်တော် မတ် ၃၀
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး ဒဂုံမြို့နယ် မြို့မ ကျောင်းလမ်း ရှိ အမျိုးသားဇာတ်ရုံ (ရန်ကုန်)၌ ကျင်းပသော အနုပညာအထက်တန်းကျောင်း (ရန်ကုန်) ၂၀၂၃-၂၀၂၄ ပညာသင် နှစ် သင်တန်းဆင်းအောင်လက်မှတ် ပေးအပ်ပွဲနှင့် စွမ်းရည်ပြ ပဒေသာ ကပွဲသို့ တက်ရောက် ချီးမြှင့်၍ ပန်းချီပန်းပုဌာနမှ သင်တန်းဆင်း ကြမည့် ကျောင်းသား ကျောင်းသူ များ၏ လက်ရာမွန်ပန်းချီပန်းပု ပြခန်းကို လှည့်လည်ကြည့်ရှုသည်။
အခမ်းအနားတွင် ပြည် ထောင်စုဝန်ကြီးက ကျောင်းတော် ကြီးမှ အနုပညာအစဉ်အလာ ကြီးမားသည့် အဆို၊ အတီး၊ အက ပညာရှင်များ၊ ပန်းချီပန်းပုပညာရှင်အကျော်အမော်များသာမက စာပေပညာရှင်၊ တေးရေးပညာရှင် အကျော်အမော် များကိုလည်း မွေးထုတ် ပေးနိုင်ခဲ့ပါကြောင်း၊ ဒို့တာဝန် အရေး(၃)ပါးဖြစ်သည့် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးသည် အရေးကြီး ပါကြောင်း၊ ယဉ်ကျေးမှုကို စောင့်ရှောက်ခြင်းသည် ဒို့တာဝန် အရေး(၃)ပါးကို ကာကွယ်စောင့် ရှောက်ခြင်းပင် ဖြစ်ပါကြောင်း၊ အနုပညာဆိုသည့် စကားရပ်သည် မိမိတို့ဖန်တီးသော အနုသုခုမ ပညာရပ်များအတွက် ပြေပြစ်ခြင်း၊ သိမ်မွေ့ခြင်း၊ သာယာနာပျော်ဖွယ် ဖြစ်ခြင်းတို့ကို ကိုယ်စားပြု သော်လည်း ကြံ့ခိုင်သည့်စိတ်ခွန် အားရှိမှသာ ဖန်တီး၍ရမည်ဖြစ်ပါ ကြောင်း၊ မျက်မှောက်ကမ္ဘာ၏ အခြေအနေ အချိန်အခါအရလည်း မဖြစ်မနေ စိတ်ဓာတ်ကြံ့ခိုင်ရမည့် အချိန်ဖြစ်ပါကြောင်း၊ အထူး အားဖြင့် ကိုယ့်နိုင်ငံကို ချစ်စိတ်၊ ကိုယ့်ပြည်ထောင်စုကို ချစ်မြတ်နိုး စိတ်နှင့် ကိုယ့်အမျိုးသား ယဉ်ကျေးမှုကို ချစ်မြတ်နိုးစိတ်တို့ ကို အတူယှဉ်တွဲ၍ကြံ့ခိုင်နေရမည့် အချိန်အခါဖြစ်သည်ကို မောင်တို့ မယ်တို့အား လက်ဆောင်စကား ပါးလိုကြောင်း။
အနုပညာ အထက်တန်း ကျောင်း (ရန်ကုန်)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် သင်တန်းဆင်း ကြမည့် ကျောင်းသား ကျောင်းသူ များသည် ပန်တျာသင်တန်းမှ ၁၅ ဦး၊ ပန်းချီပန်းပု သင်တန်းမှ လေးဦး စုစုပေါင်း ၁၉ ဦး ဖြစ်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ကျောင်းဆင်း မောင်မယ်များအနေနှင့် ကျောင်း ဆင်းသွားသည့်အခါတွင် ဘဝ၏ ရေရှည်အကျိုးကို ရည်မျှော်ပြီး ကျောင်းသင် ပညာရပ်များနှင့် ရပ်တန့်မနေဘဲ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကျွမ်းကျင် အောင်မြင် ထင်ရှားပြီးဖြစ်သော သဘာရင့်၊ ဝါရင့်ပညာရှင်ကြီးများ ထံမှလည်း အလျဉ်းသင့်သလို ဆက်လက် သင်ယူသွားကြရန် နှင့် မိခင်ကျောင်းတော်ကြီး၏ ဂုဏ်ကျေးဇူးကို မမေ့မလျော့ဘဲ စဉ်ဆက်မပြတ် ဖော်ထုတ် ထိန်းသိမ်းမြှင့်တင်နိုင်ရေးအတွက် ရိုးရာအနုပညာရပ်များကို ကြိုးပမ်း အားထုတ်သွားကြရန် တိုက်တွန်း မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် သင်တန်းဆင်းကြ မည့် ကျောင်းသား ကျောင်းသူ ၁၉ ဦးကို သင်တန်းဆင်းလက်မှတ် များ ပေးအပ်၍ ပန်တျာဌာနမှ ကျောင်းဆင်းစွမ်းရည်ပြ ပဒေသာ ကပွဲကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်