အင်းတော်မြို့၌ အောက်ဆီဂျင်စက်ရုံဖွင့်ပွဲကျင်းပ

 

အင်းတော်   နိုဝင်ဘာ   ၂၈

 


စစ်ကိုင်းတိုင်းဒေသကြီး အင်းတော် မြို့နယ်တွင် အောက်ဆီဂျင်ထုတ်  စက်ရုံဖွင့်ပွဲကို ယမန်နေ့က   မြို့မ ပရိယတ္တိစာသင်တိုက် အတွင်းရှိ   အဆိုပါစက်ရုံနေရာ၌     ပြုလုပ်သည်။

 


အခမ်းအနားကို   အင်းတော် မြို့နယ်    စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းနိုင်အောင်၊ မြို့နယ် ဆရာဝန်ကြီး    ဒေါက်တာ ကျော် ကျော်ဇင်၊   အောက်ဆီဂျင်ထုတ် စက်ရုံ     ဖြစ်မြောက်ရေးဥက္ကဋ္ဌ  ဦးမောင်မောင်နှင့် အလှူရှင်များ က  ဖဲကြိုးဖြတ်    ဖွင့်လှစ်ပေး သည်။

 


အဆိုပါစက်ရုံမှ    တစ်ရက် လျှင် အောက်ဆီဂျင်အိုး   အလုံး  ၃၀ ထုတ်လုပ်နေပြီး ယခုချိန်အထိ အောက်ဆီဂျင်အိုး  အလုံး ၈၀၀ ကျော်   ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။    စက်နှင့်  ဆက်စပ် ပစ္စည်းများအတွက်   ကုန်ကျငွေ မှာ ငွေကျပ်သိန်း   ၁၂၀၀ ကျော် ကုန်ကျခဲ့ကြောင်း   သိရသည်။ စက်ရုံမှ     အောက်ဆီဂျင်များ လုံလောက်စွာ   ထုတ်လုပ်နိုင်ပြီ ဖြစ်သဖြင့်    အင်းတော်မြို့နယ် နေပြည်သူများ၊    အလှူရှင်များ၊ စေတနာရှင်များ  ကျေနပ်ဝမ်းသာ ကြောင်း သိရသည်။
 

လူအောင်
(ကသာ)