အင်္ဂပူမြို့နယ်တွင် ငါးမျိုး‌ ကောင်ရေတစ်သိန်းငါး‌သောင်း မျိုးစိုက်ထည့်

 

အင်္ဂပူ   နိုဝင်ဘာ  ၂၇


ဧရာဝတီ    တိုင်းဒေသကြီး  ဟင်္သာတခရိုင်  အင်္ဂပူမြို့နယ် အတွင်း    ငါးသယံဇာတများ တိုးပွားပြီး ရေရှည် စဉ်ဆက် မပြတ်   တည်တံ့စေရန်နှင့် ငါးထုတ်လုပ်မှု    တိုးတက် မြင့်မားလာစေရန် ရည်ရွယ်၍ ငါးမျိုး    စိုက်ထည့်ခြင်းကို ဧရာဝတီ     တိုင်းဒေသကြီး ငါးလုပ်ငန်း    ဦးစီးဌာန၏ လမ်းညွှန်မှု၊  ခရိုင်ငါးလုပ်ငန်း ဦးစီးဌာန၏    အနီးကပ် ကြီးကြပ်မှုတို့ဖြင့်  ယမန်နေ့ က သဘာဝရေပြင်ဖြစ်သော  ဆုံကုန်း       ကျေးရွာအုပ်စုရှိ ငဝန်မြစ်အတွင်းသို့ ငါးမြစ် ချင်း   နှစ်လက်မအောက်ခံ ကောင်ရေ     တစ်သိန်း ငါးသောင်း    မျိုးစိုက်ထည့် ပေးသည်။

 


အဆိုပါ အခမ်းအနားသို့ ဟင်္သာခရိုင် ငါးလုပ်ငန်းဦးစီး ဌာနမှူး ဦးတင့်လွင်၊  အင်္ဂပူ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် တာဝန်ရှိသူများ၊ ငါးလုပ်ငန်း စခန်းတာဝန်ခံနှင့် ဝန်ထမ်း များ၊ ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့်  ဒေသခံပြည်သူများ တက်ရောက်သည်။

မန်းကျော် (ပြန်/ဆက်)