အင်္ဂပူမြို့နယ်၌ မိုးနေကြာစိုက်တောင်သူများအား စိုက်ပျိုးစရိတ် ထုတ်ချေး

 

အင်္ဂပူ  ဩဂုတ်  ၁၇


ဧရာဝတီတိုင်းဒေသကြီး   အင်္ဂပူမြို့နယ်   မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်(ခွဲ)ရုံး၌ ယမန်နေ့ မွန်းလွဲပိုင်းက ၂၀၂၂ ခုနှစ် ဆီထွက်သီးနှံမိုးနေကြာ စိုက်ပျိုးသည့် တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးသည့် အခမ်းအနား ကျင်းပသည်။

 


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးအောင် ကျော်မိုးက  အမှာစကားပြောကြားပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ခွဲ)  မြို့နယ်မန်နေဂျာ  ဒေါ်မြတ်သီတာက ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

 


ထို့နောက်  ချေးငွေများကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေးအပ်ရာ မိုးနေကြာစိုက်တောင်သူများက လက်ခံ ရယူသည်။  ထိုသို့ချေးငွေထုတ်ရာတွင် အင်္ဂပူမြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စု ခြောက်စုမှ ၂၀၂၁ခုနှစ် မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေ ပြေကြေပြီး တောင်သူ ၁၄ ဦးအား  နေကြာစိုက်ပျိုးစရိတ်ချေးငွေ  တစ်ဧကလျှင် ၁၅၀၀၀၀ နှုန်းဖြင့် စိုက်ဧက ၂၇ ဧကအတွက် စုစုပေါင်းချေးငွေကျပ် ၄၀၅၀၀၀၀  ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


မန်းကျော် (ပြန်/ဆက်)