
အင်္ဂပူ နိုဝင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် အင်္ဂပူမြို့နယ် ကွင်းကောက် (မြောက်)ဒေသ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူ များအား ယမန်နေ့က ကိုဗစ်-၁၉ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး ဦးဆောင်သောအဖွဲ့ဝင်များနှင့် မြို့နယ် ပညာရေးမှူး ဦးလှထွဋ်တို့က ကျောင်းသား ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံမှုများကို ကြည့်ရှုအားပေးပြီး အောင်ချမ်းသာ ကိုယ်ပိုင်အထက်တန်းကျောင်းမှ အထက်တန်း၊ အလယ်တန်းအဆင့် ၁၂ နှစ်နှင့်အထက် အမျိုးသားငါးဦး၊ အမျိုးသမီး ၁၁ ဦး စုစုပေါင်း ၁၆ ဦးတို့အား ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။ နိုဝင်ဘာ ၂ ရက်အထိ အင်္ဂပူမြို့နယ်အတွင်းရှိ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူ ၇၉၉၄ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
မန်းကျော်-အင်္ဂပူ(ပြန်/ဆက်)