အင်ဒိုနီးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း လေးသန်းကျော်ရှိလာ

ဂျကာတာ     ဩဂုတ်   ၃၀


အင်ဒိုနီးရှားနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ  ၅၄၃၆ ဦးရှိသဖြင့်    နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၄၀၇၉၃၆၇ ဦးရှိလာကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ  ၅၆၈  ဦးထပ်တိုးလာသဖြင့်   ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၁၃၂၄၉၁ ဦးရှိလာကြောင်း အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်သည်။


အလားတူ    အင်ဒိုနီးရှားနိုင်ငံ၌   လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ ၁၉၃၉၈ ဦးရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသူစုစုပေါင်း  ၃၇၄၃၇၁၆  ဦးရှိလာကြောင်း   အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
လက်ရှိတွင် အင်ဒိုနီးရှားနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထုတ်လုပ်သည့်နိုင်ငံအသီးသီးမှ   ကိုဗစ်-၁၉  ရောဂါကာကွယ် ဆေး၂၁၇ သန်းကျော်လက်ခံရရှိပြီးဖြစ်ကြောင်းနှင့် လူဦးရေ ၂၀၈ သန်း ခန့်အား  ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးထိုးနှံပေးနိုင်ရန်  ရည်ရွယ် လျက်ရှိကြောင်း သိရသည်။


အင်ဒိုနီးရှားနိုင်ငံ၌ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအနည်းဆုံးတစ်ကြိမ်ထိုးနှံပြီးသူ ၆၂ ဒသမ ၂၉ သန်းရှိကြောင်းနှင့်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ်စလုံး ထိုးနှံပြီးသူ ၃၅ ဒသမ  ၃၁ သန်းရှိကြောင်း အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီးဌာနက ပြောကြား သည်။


အင်ဒိုနီးရှားနိုင်ငံသည် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံမှုအစီအစဉ်တွင် Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး၊  AstraZeneca ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး၊ Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး၊ Moderna ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် Novavax ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို အသုံးပြုခဲ့ကြောင်း သိရသည်။            

 

    ကိုးကား- ဆင်ဟွာ၊ ဘာသာပြန်- အလင်းသစ်