
ဂျကာတာ စက်တင်ဘာ ၂၀
အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်များသည် ၎င်းတို့၏ ပထမဆုံးသော ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို စတင်လိုက်ပြီဖြစ်ကြောင်း နိုင်ငံတကာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ စစ်ရေးလေ့ကျင့်မှုအချို့ကို အင်ဒိုနီးရှားနိုင်ငံရှိ ကျွန်းစုများတွင် လုပ်ဆောင်လျက်ရှိသည်။
ယခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် အင်ဒိုနီးရှားနိုင်ငံက စစ်ရေး လေ့ကျင့်မှုပြုလုပ်ရန် တောင်းဆိုခဲ့ကြောင်း သိရ သည်။ အာဆီယံအဖွဲ့ဝင်အများစုသည် အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် လေ့လာသူများအဖြစ် ပါဝင် ကြပြီး ထိုစစ်ရေးလေ့ကျင့်မှုကို စနေနေ့အထိ ပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်သည်။
အာဆီယံသည် စီးပွားရေးကိစ္စရပ်များအပေါ် တွင် ပိုမိုအလေးထားသောကြောင့် ယခုစစ်ရေး လေ့ကျင့်မှုမှာ တိုက်ခိုက်ရေးစစ်ဆင်ရေး မဟုတ် ကြောင်း အင်ဒိုနီးရှားတပ်မတော်၏ အကြီးအကဲ ယူဒိုမာဂိုနိုက ပြောသည်။ ထို့အပြင် လေ့ကျင့်မှု များမှာ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလှုပ်ရှားမှုများကိုသာ အဓိကထား လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။
ထိုစစ်ရေး လေ့ကျင့်ဆောင်ရွက်မှုများကို ဘာတမ်ကျွန်းနှင့် နာတူနာကျွန်းစုများပေါ် တွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရ သည်။
အင်န်အိတ်ချ်ကေ