
ဂျီနီဗာ စက်တင်ဘာ ၁၅
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အနာဂတ်ကိုရိုနာ ဗိုင်းရပ်စ်လှိုင်းဂယက်များ ဆက်လက်ဖြစ်ပေါ်လာ နိုင်သည့်အတွက် ကမ္ဘာတစ်ဝန်းရှိ အစိုးရများသည် ကိုရိုနာဗိုင်းရပ်စ်ကို ဆက်လက်သတိထားရန် လိုအပ်ကြောင်းနှင့် ဖြစ်ပေါ်လာနိုင်သည့်မည်သည့် ခြိမ်းခြောက်မှုမျိုးကိုမဆို ရင်ဆိုင်တုံ့ပြန်နိုင်ရန် အဆင်သင့်ပြင်ဆင်ထားရန်လိုကြောင်း ပြောကြား လိုက်သည်။
မိမိတို့သည် ကပ်ရောဂါကို အဆုံးသတ်ရန် ကောင်းမွန်သောအခြေအနေ မရောက်သေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒါနွမ် ဂီဘရီယက်ဆုစ်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် စက်တင်ဘာ ၁၄ ရက်က ပြောကြားလိုက်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အဆိုအရ စက်တင်ဘာ ၅ ရက်မှ ၁၁ ရက်ကြားတွင် ကမ္ဘာ တစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှု အရေ အတွက်သည် ယခင်သီတင်းပတ်ထက် ၂၈ ရာခိုင် နှုန်းကျဆင်းသွားပြီး ၃ ဒသမ ၁ သန်းကျော်ရှိသည်။
အပတ်စဉ် သေဆုံးမှုအရေအတွက်သည်လည်း ၂၂ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ၁၁၀၀၀ အောက်သာ ရှိခဲ့သည်။
တက်ဒရော့စ်အနေဖြင့် ကပ်ရောဂါတုံ့ပြန်မှုကို မာရသွန်ပြိုင်ပွဲနှင့် တင်စားခဲ့ပြီး ယခုအချိန်သည် ပိုပြီးအားသွန်ခွန်စိုက်ပြေးရမည့် အချိန်ဖြစ်ကြောင်း နောက်ဆုံးပန်းတိုင်ကိုကျော်ဖြတ်ပြီး မိမိစိုက်ပျိုး ခဲ့သည့် ရလဒ်များကို မိမိပြန်လည်ရိတ်သိမ်း ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆင်ဟွာ