အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး)၌ စက်မှုကျွမ်းကျင် တစ်နှစ်သင်တန်းဖွင့်

 

မကွေး  ဒီဇင်ဘာ ၁၁


စက်မှုဝန်ကြီးဌာန စက်မှုပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာန အမှတ် (၅)       စက်မှုသင်တန်းကျောင်း (မကွေး)၌    စက်မှုကျွမ်းကျင် တစ်နှစ်သင်တန်း အမှတ်စဉ်(၁၀)  ဖွင့်ပွဲကို   ဒီဇင်ဘာ   ၉  ရက်က သင်တန်းကျောင်းခန်းမ၌ ကျင်းပ ရာ  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်   တက်ရောက်အမှာ စကားပြောကြားသည်။ 

 


တိုင်းဒေသကြီးဝန်ကြီးချုပ် က  နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ စားဝတ်နေရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေး၊  ပြည်သူ့ဘဝလုံခြုံမှုနှင့် လူမှုစီးပွားရေး   တိုးတက်မှုတို့ အတွက် စီးပွာရေးမူဝါဒ  ၁၂ ရပ် ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ တစ်နိုင်ငံ၏   ဖွံ့ဖြိုးတိုးတက်မှု ပုံရိပ်သည် (Human Capital) ဟုခေါ်သည့် လူသားအရင်းအနှီး များ  ဖွံ့ဖြိုးတိုးတက်မှုအပေါ်  မှီခို နေသောကြောင့် နိုင်ငံတော်အစိုးရ အနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအား  အလေး ထား ဆောင်ရွက်လျက်ရှိကြောင်း၊ စက်မှုပညာရပ်များကို ကျွမ်းကျင် တက်မြောက်ထားမှသာ လယ်ယာ လုပ်ငန်းကို အခြေပြုလုပ်ကိုင်နေ ရသည့် ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင်     စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများမှ စီးပွား ဖြစ်          စိုက်ပျိုးရေး၊   မွေးမြူ ရေး    ကုန်ထုတ်လုပ်ငန်းကြီးများ အဆင့်သို့     တက်လှမ်းနိုင်ပြီး စက်မှုလယ်ယာအဆင့်သို့      ကူး ပြောင်း   လုပ်ကိုင်နိုင်မည်ဖြစ်  ကြောင်း၊ သင်တန်းဆရာ ဆရာမ များအနေဖြင့်လည်း သင်တန်း သား သင်တန်းသူများအား  သင် ကြား   ပို့ချရာတွင်    နိုင်ငံတကာ ပညာရေး စံချိန်စံညွှန်းသတ်မှတ်ချက်များကိုအခြေခံပြီး နိုင်ငံတော် ၏   လူမှုစီးပွားရေးအခြေအနေ၊ ယဉ်ကျေးမှု  ဓလေ့ထုံးတမ်းများ နှင့် လိုက်လျောညီထွေစွာ  မြှင့် တင်   သင်ကြားပေးစေလိုကြောင်း ပြောကြားသည်။ 

 


ထို့နောက် အမှတ်(၅)စက်မှု သင်တန်းကျောင်း         (မကွေး) ကျောင်းအုပ်ကြီး ဦးမိုးမင်းထွဋ်က သင်တန်းသို့     သင်တန်းသား သင်တန်းသူများ တက်ရောက်မှု အခြေအနေနှင့်  သင်တန်းတွင် ဖွင့်လှစ်သင်ကြားမည့်  သင်ခန်း စာများကို   ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လက်တွေ့     သင်ကြားပို့ချမည့် သင်တန်းခန်းများကို    လိုက်လံ ကြည့်ရှုသည်။

 


အဆိုပါ     စက်မှုကျွမ်းကျင် တစ်နှစ်သင်တန်းတွင် စာတွေ့ ၃၀ ရာခိုင်နှုန်း၊  လက်တွေ့ ၇၀ ရာခိုင် နှုန်းဖြင့်  လေ့ကျင့်သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း           သိရ သည်။                         
                         

မောင်ညီညာ