အမျိုးသမီးတစ်ဦးကို တရုတ်အမျိုးသားထံ ရောင်းစားရန် စီစဉ်ခဲ့သူများကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

 

နေပြည်တော်   ဒီဇင်ဘာ   ၂၁


အမျိုးသမီးတစ်ဦးကို တရုတ်အမျိုးသား ထံ   ရောင်းစားရန်   စီစဉ်ခဲ့သူများကို    လူကုန်ကူးမှုဖြင့် အလုပ်နှင့်  ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။

 


ကချင်ပြည်နယ်       မြစ်ကြီးနား မြို့နယ်နေ ကိုမျိုးနှင့် ၎င်း၏ ဇနီး ဖြစ်သူ မရီရီဝင်းတို့က   ပုသိမ်မြို့နေ  မ ---- (၂၈ နှစ်)နှင့်  မ ---- (၂၅ နှစ်) တို့ကို     တရုတ်ဇနီးမယား အဖြစ် လုပ်ကိုင်ပါက တစ်ဦးလျှင် ငွေကျပ်သိန်း   ၄၀  ရရှိမည် ဟု စည်းရုံးပြောဆို၍ တရုတ်နိုင်ငံသို့ ပို့ဆောင်ကာ တရုတ်ဇနီးမယားအဖြစ် ရောင်းစားရန် စီစဉ်ခဲ့သဖြင့် ပုသိမ်မြို့မ ရဲစခန်း   (ပ) ၅၁၆/ ၂၀၂၀၊    လူကုန်ကူးမှု  တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုရေးဖွင့်၍ ပုသိမ်ခရိုင် တရားရုံး သို့    တရားစွဲတင်ပို့ခဲ့ရာ    ဒီဇင်ဘာ ၂၀ ရက်တွင် တရားခံ ကိုမျိုးနှင့် မရီရီ ဝင်းတို့ကို    လူကုန်ကူးမှု   တားဆီး ကာကွယ်ရေး    ဥပဒေပုဒ်မ   ၂၄  အရ အလုပ်နှင့်ထောင်ဒဏ်  ၁၅ နှစ်စီ   ကျခံ စေရန်   အမိန့်ချမှတ်ခဲ့ကြောင်း သိရ သည်။                              

သတင်းစဉ်