
နေပြည်တော် အောက်တိုဘာ ၄
အမျိုးသမီးတစ်ဦးကို တရုတ်အမျိုးသားထံ ငွေကြေးအကျိုး အမြတ်ရယူ၍ ဇနီးမယားအဖြစ် ရောင်းစားခဲ့သူကို လူကုန် ကူးမှုဖြင့် ထောင်ဒဏ် ၁၃ နှစ် အမိန့်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ပင်လယ်ဘူးမြို့နေ မမေသက်ညို၊ တိမ်းရှောင်တရားခံများဖြစ်သည့် ပြည်ကြီး တံခွန်မြို့နယ်နေ ကိုထွန်း(ခ) အောင်မြင့်ထွန်း(ခ)မြွေပွေး ထွန်းထွန်းနှင့် ပင်လယ်ဘူးမြို့နယ်နေ မအိအိခိုင်တို့ သုံးဦးက တစ်မြို့တည်းနေ မ - - - ၊ (၂၂ နှစ်)ကို တရုတ် ယောကျ်ားယူလျှင် ငွေကျပ် သိန်း ၂၀ ရရှိမည်ဟု ပြောဆို ကာ တရုတ်အမျိုးသားထံ ငွေကြေးအကျိုးအမြတ်ရယူ၍ ဇနီးမယားအဖြစ် ရောင်းစားခဲ့သဖြင့် ပြည်ကြီးတံခွန် မြို့မရဲစခန်း (ပ)၅၂/၂၀၂၀ လူကုန်ကူးမှု တားဆီးကာကွယ် ရေးဥပဒေ ပုဒ်မ ၂၄/၃၂ ဖြင့် အမှုဖွင့်၍ မန္တလေးခရိုင်တရားရုံး သို့ တရားစွဲတင်ပို့ခဲ့ရာ စက်တင်ဘာ ၃၀ ရက်က တရားခံ မေသက်ညိုအား လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၃ နှစ် ကျခံ စေရန် အမိန့်ချမှတ်ပြီး တိမ်းရှောင်တရားခံ ကိုထွန်း(ခ) အောင်မြင့်ထွန်း (ခ)မြွေပွေးထွန်းထွန်း နှင့် မအိအိခိုင် တို့ ကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ၈၇/၈၈ အရ တရားခံပြေး သတ်မှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်