အမျိုးသမီးများနေ့ အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲကျင်းပ

 

တာမွေ   ဇူလိုင်   ၃


ဇူလိုင် ၃ ရက်တွင် ကျရောက်သည့် (၂၆)ကြိမ် မြောက် မြန်မာအမျိုးသမီးများနေ့   အထိမ်း အမှတ်အဖြစ်  အမျိုးသမီးများဘဝ  ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ   စာအုပ်စာစောင်ပြပွဲ ကို ရန်ကုန်တိုင်းဒေသကြီး     တာမွေမြို့နယ် ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့်    မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ဇူလိုင် ၃ ရက်က ကျင်းပသည်။  

 


ပြပွဲတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးအရာရှိ  ဒေါ်မို့မို့အောင်က ပြပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီး   ခန်းမအတွင်းပြသထားသော မြန်မာအမျိုးသမီးများနေ့   ဖြစ်ပေါ်လာပုံ အကြောင်းအရာများ၊  အမျိုးသမီးများဘဝ လုံခြုံရေးအတွက်      ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးနည်းလမ်းများ၊  အမျိုးသမီး များ၏ အခွင့်အရေးများ၊ နိုင်ငံတော်အစိုးရက တောင်ပေါ်မြေပြန့်ခွဲခြားမှုမရှိဘဲ အမျိုးသမီး ငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး နှင့် စိတ်ဓာတ်မြှင့်တင်ရေးမှစ၍   အမျိုးသမီး များ၏      ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့ကျင့်ပြုစု ပျိုးထောင်ပေးနေမှုများ စသည့်  အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စာအုပ်စာစောင်များကို   တက်ရောက်လာသူ များက ကြည့်ရှုလေ့လာခဲ့ကြသည်။


နိုင်လင်းအောင်(တာမွေ)