
နေပြည်တော် အောက်တိုဘာ ၂၀
အမျိုးသမီးများကို တရုတ်ယောကျ်ားထံ ပို့ဆောင်ရောင်းစားကာ ငွေကြေးအကျိုးအမြတ်ရယူခဲ့သူအား လူကုန်ကူးမှုဖြင့် အလုပ်ကြမ်း နှင့်ထောင်ဒဏ် ၁၀ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့ အမှတ် (၂) ရပ်ကွက်နေ လှမြိုင်(ခ) ဗေလုဝနှင့် ၎င်း၏ဇနီး ဒေါ်မိညက် (ခ) ဒေါ်ဝင်းတင်တို့က တစ်မြို့တည်းနေ မ ---၊ ၁၅/၂၀၁၉ နှစ်၊ မ ---၊ ၁၃/၂၀၁၉ နှစ်၊ မ ---၊ ၂၄/၂၀၁၉ နှစ်တို့အား မူဆယ်မြို့ ကားကြီးဝင်းအနီးရှိ အလုပ်ရုံတစ်ခုတွင် အဝတ်ခေါက်လုပ်ငန်း၌ တစ်လလျှင် နှစ်သိန်းကျပ်ရမည်ဟု ပြောဆို စည်းရုံး၍ တရုတ်ယောကျ်ားထံ ပို့ဆောင်ရောင်းစားကာ ငွေကြေးအကျိုး အမြတ်များ ရယူခဲ့သဖြင့် ကျောင်းကုန်းမြို့မရဲစခန်း(ပ) ၄၅၈/၂၀၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုရေးဖွင့်၍ ပုသိမ်ခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဖေဖော်ဝါရီ ၁၄ ရက်တွင် တရားခံ ဒေါ်မိညက် (ခ) ဒေါ်ဝင်းတင်ကို အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပြီး တရားခံလှမြိုင် (ခ) ဗေလုဝကို ကျင့် ၂၅၈(၁)အရ အမှုမှ တရားသေလွှတ်ခဲ့မှုအပေါ် အယူခံတက်ရောက်ခဲ့ရာ တိုင်းဒေသ ကြီး တရားလွှတ်တော်မှ ရာဇဝတ်အယူခံ အမှုအမှတ် ၆၀/၂၀၂၂ ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး အောက်တိုဘာ ၁၄ ရက်တွင် တရားခံလှမြိုင်(ခ) ဗေလုဝအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်