
ရန်ကုန် မတ် ၄
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က စီစဉ် ကျင်းပသည့် အာရှဘောလုံးအဖွဲ့ချုပ် (AFC) ၏ AFC Women's Football Day 2023 အမျိုးသမီးဘောလုံးပွဲတော်ကို မတ် ၄ ရက်က သုဝဏ္ဏအားကစားကွင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်း ဒေသကြီး ပညာရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းက အမှာစကားပြောကြားပြီး အမျိုးသမီး ဘောလုံးပွဲတော် အစီအစဉ်များအား ဆက်လက်ကျင်းပသည်။ ယင်းနောက် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ကစားသမားများက အပြာရောင်အသင်း နှင့် အဖြူရောင်အသင်း နှစ်သင်းခွဲကာ သရုပ်ပြခြေစမ်းပွဲကစားပြီး အမှတ်တရ လက်ဆောင်များ ပေးအပ်သည်။ AFC Women's Football Day 2023 အမျိုးသမီး ဘောလုံးပွဲတော်တွင် အခြေခံပညာဦးစီး ဌာနမှ ကျောင်းသူဦးရေ ၂၀၀ နှင့် ဆရာ ဆရာမဦးရေ ၄၀ ပါဝင်ဆင်နွှဲခဲ့သည်။
နိုင်ငံတကာ အမျိုးသမီးများ နေ့ အခမ်းအနားကို ဂုဏ်ပြုသော အားဖြင့် ကျင်းပသည့် အဆိုပါ အမျိုးသမီး ဘောလုံးပွဲတော်သို့ ရန်ကုန်တိုင်းဒေသကြီး ပညာရေး မှူး ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးကျော်မိုးထွန်း၊ မြန်မာ နိုင်ငံ ဘောလုံးအဖွဲ့ချုပ် အလုပ် အမှုဆောင် ဦးကိုကိုဌေး (ပညာ ရေးဝန်ကြီးဌာန ကိုယ်စားပြု)၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင် ဒေါ်မြတ် မြတ်ဦး (အမျိုးသမီး ဘောလုံး ကော်မတီ ဒုဥက္ကဋ္ဌ)၊ အမျိုးသမီး ဘောလုံး ကော်မတီဝင်များ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နည်းစနစ် ဒါရိုက်တာ ဦးတင် မြင့်အောင်နှင့် တာဝန်ရှိသူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသူ များ တက်ရောက်သည်။
ကိုညီလေး