အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး

 

နေပြည်တော် ဖေဖော်ဝါရီ ၁၇


အမျိုးသားစည်းလုံးညီညွတ်ရေး နှင့်   ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေး ပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင်     နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟို ဌာန၌ ကျင်းပသည်။

 


တွေ့ဆုံဆွေးနွေးပွဲသို့   နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊    ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊     အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်    ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ     ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ညှိနှိုင်းရေးကော်မတီ ဝင်များ၊  နိုင်ငံရေးပါတီများအစု အဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက် တစ် ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း နှင့် အလုပ်အဖွဲ့ကိုယ်စားလှယ်များ တတ်ရောက်ကြသည်။

 


တွေ့ဆုံဆွေးနွေးပွဲတွင် အမျိုး သား   စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း ရေးကော်မတီ  ဥက္ကဋ္ဌ   ဒုတိယ ဗိုလ်ချုပ်ကြီး  ရာပြည့်နှင့် နိုင်ငံရေး ပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ ခေါင်းဆောင်၊ ရှမ်းတိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းတို့က နှုတ်ခွန်း ဆက်အမှာစကားများ ပြောကြား ကြသည်။ ယင်းနောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) မှ ပြင်ဆင်လိုသည့်   အချက်များနှင့် စပ်လျဉ်း၍ နိုင်ငံရေးပါတီများအစု အဖွဲ့၏    အလုပ်အဖွဲ့မှ   အဆိုပြု တင်ပြပြီးနောက်     ညှိနှိုင်းရေး ကော်မတီမှ    လေ့လာဆန်းစစ် တွေ့ရှိချက်များကို   တစ်ချက်ချင်း အလိုက် အလွတ်သဘော ပြန်လည် ရှင်းလင်းဆွေးနွေးပြီး   အဆိုပြု ချက်များအပေါ် တက်ရောက်လာ သူများက မိမိတို့၏ သဘောထား များကို  အပြန်အလှန် ဆွေးနွေး ညှိနှိုင်းကြသည်။ ထို့နောက် နိုင်ငံ ရေးပါတီအစုအဖွဲ့     ပြန်လည် ပြင်ဆင်ရေးကိစ္စနှင့် ပတ်သက်၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ဖွဲ့စည်းပေါ်ပေါက်လာ မည့်  နိုင်ငံရေးပါတီများ   တည် ထောင်ပြီးနောက်ပိုင်း ယခုကဲ့သို့ နိုင်ငံရေးပါတီများ    အစုအဖွဲ့၏ အလုပ်အဖွဲ့အား ပြန်လည်ဖွဲ့စည်း နိုင်မည့် အခြေအနေကို ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။ 

 


ယင်းနောက်  ယနေ့   တွေ့ဆုံ ဆွေးနွေးပွဲ၌ နှစ်ဖက်ဆွေးနွေးချက် များအရ ရရှိလာသည့် သဘောထား များအား သဘောထားစုစည်းချက် များအဖြစ်   မှတ်တမ်းတင်ခဲ့ကြ သည်။ ထို့နောက် နိုင်ငံရေးပါတီ များ    အစုအဖွဲ့၏   အလုပ်အဖွဲ့ ခေါင်းဆောင်၊ ရှမ်းတိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ကျေးဇူးတင် စကားပြောကြားပြီး  အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှု    ညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ် ကြီး  ရာပြည့်က   နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ပြီး ပြန်ကြား ရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့် ကမ္ဘာရေးရာ၊   မြန်မာရေးရာနှင့် တိုင်းရင်းသားရေးရာ စာအုပ်များ ကို    လက်ဆောင်ပေးအပ်ပြီး မှတ်တမ်းတင်ဓာတ်ပုံ     ရိုက်ခဲ့ ကြောင်း သိရသည်။ 


သတင်းစဉ်