အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ သဘောထားထုတ်ပြန်ချက်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ သဘောထားထုတ်ပြန်ချက်
၂၀၂၃ ခုနှစ်၊ မေလ ၉ ရက်
၁။    ၂၀၂၃ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် (၁၇) ကြိမ်မြောက်ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကွန်ဂရက်မှ ထုတ်ပြန်ကြေညာချက် နှင့်ပတ်သက်၍ အပိုဒ်(၂)ပါ ဖော်ပြချက်တွင် “ကိုဗစ်-၁၉ ကပ်ရောဂါနှင့် အတူ စစ်တပ်အာဏာသိမ်းယူမှုနှင့် နောက်ဆက်တွဲစိန်ခေါ်မှုများ” ဟု လည်းကောင်း၊ အပိုဒ်(၅)ပါ ဖော်ပြချက်တွင် “မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်    တိုက်ဖျက်ရေး၊    ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်ရေး၊ ကရင်အမျိုးသားတို့၏ ရသင့်ရထိုက်သော အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့် အခွင့်အရေးများရရှိရေး” ဟု လည်းကောင်း၊ အပိုဒ်(၆)ပါ ဖော်ပြချက်တွင် “မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်   ဆန့်ကျင်တိုက်ဖျက်ပြီး   ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ပေါက်ရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက်” ဟုလည်းကောင်း ဖော်ပြထား ကြောင်း တွေ့ရှိရပါသည်။
၂။    နိုင်ငံတော်အစိုးရအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်း ရေး တည်ဆောက်နိုင်ရန်အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို  ကုလသမဂ္ဂ၊  ဥရောပသမဂ္ဂ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယသမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ထိုင်းနိုင်ငံ တို့အား သက်သေထား၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၈)ဖွဲ့ဖြင့် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့ရာ KNU မှလည်း ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါသည်။ 
၃။    ၂၀၂၀ ပြည့်နှစ်   ရွေးကောက်ပွဲ   မဲမသမာမှုများအား  ဖြေရှင်း ဆောင်ရွက်ပေးခြင်းမရှိသည့်အပြင် နိုင်ငံတော်အာဏာအား အဓမ္မရယူ ရန်   ကြိုးစားခဲ့သောကြောင့်   ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ အရေးပေါ်အခြေအနေကြေညာပြီး နိုင်ငံတော်ကို မလွှဲမရှောင် သာဘဲ ယာယီထိန်းသိမ်းခဲ့ခြင်းသာဖြစ်ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏   ရှေ့လုပ်ငန်းစဉ် ၅ ရပ်တွင်   “တစ်နိုင်ငံလုံးထာဝရ ငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ပါ  သဘောတူညီချက်များအတိုင်း  ဖြစ်နိုင် သမျှ အလေးထားလုပ်ဆောင်သွားမည်”ဟု လည်းကောင်း၊ “အရေးပေါ် ကာလဆိုင်ရာ     ပြဋ္ဌာန်းချက်များနှင့်အညီ    ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ   လွတ်လပ်ပြီး တရား မျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည် ကျင်းပ၍    အနိုင်ရသည့်ပါတီအား    ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အားလွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်” ဟု လည်းကောင်း အတိအလင်း ဖော်ပြထားသည့်အပြင် နိုင်ငံတည်ငြိမ် လာပါက ရွေးကောက်ပွဲကျင်းပပြုလုပ်ပြီး အနိုင်ရရှိသည့် အရပ်သား အစိုးရကို     အာဏာလွှဲပြောင်း     ပေးအပ်သွားမည်ဖြစ်ကြောင်း အကြိမ်ကြိမ်ပြောဆိုခဲ့ပြီး ဖြစ်ပါသည်။
၄။    KNU အနေဖြင့် စစ်တပ်အာဏာသိမ်းယူမှု၊ မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်  ဆန့်ကျင်တိုက်ဖျက်ပြီး  ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ပေါက်ရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး နှင့်    ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက်    သန္နိဋ္ဌာန်ချမှတ်ထားပြီး တိုက်ပွဲဝင်နေကြသော တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများ၊  လူထုလူတန်းစားအသီးသီးနှင့်  ပူးပေါင်း ဆောင်ရွက်မည်ဟု ထုတ်ပြန်ထားခြင်းသည် အပြုသဘောမဆောင်ဘဲ NCA  ပါ    ပြဋ္ဌာန်းချက်များအား   ဆန့်ကျင်ပြီး    ထိပ်တိုက်ရင်ဆိုင်မှု လမ်းကြောင်းသို့ ဦးတည်နေကြောင်း တွေ့ရှိရပါသည်။ 
၅။    လက်ရှိဖြစ်ပွားလျက်ရှိသည့်   မတည်ငြိမ်မှုများသည်  ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲတို့အရ လှုံ့ဆော်မှုများနှင့် ပြည်ပ ပယောဂများကြောင့် ဖြစ်ပေါ် လာသည့် ပဋိပက္ခများသာဖြစ်ပါသည်။ NCA အခြေခံမူ အပိုဒ် ၁ (က)တွင် လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့် အရေးများ   အာမခံချက်များ   အပြည့်အဝရှိသော၊   ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်သွားရန် သဘောတူခဲ့ပြီးဖြစ်သဖြင့်  ထိပ်တိုက်ရင်ဆိုင်သော လက်နက်ကိုင်တိုက်ပွဲဝင်မည့် လမ်းကြောင်း သည်   ဒီမိုကရေစီစနစ်နှင့်   ဆန့်ကျင်ပြီး   အကြမ်းဖက်လုပ်ရပ်သို့ ဦးတည်နေသောကြောင့်  တိုင်းရင်းသားလုပ်သားပြည်သူလူထု တစ်ရပ် လုံးက လိုလားနေသည့်  ပါတီစုံဒီမိုကရေစီစနစ်နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ခြင်းကို အဟန့်အတားဖြစ်စေသည့်အပြင် ဒေသတွင်း တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်မှုကို ခံစားလိုသည့် တိုင်းရင်းသားများနှင့် ပြည်သူ လူထုတစ်ရပ်လုံးအတွက်  ကြီးမားသော  အခက်အခဲများဖြစ်ပေါ်စေ နိုင်ပါသည်။
၆။    လက်ရှိကာလတွင် နိုင်ငံတော်အစိုးရသည် တွေ့ဆုံဆွေးနွေးခြင်း နည်းလမ်းဖြင့် အဖြေရှာရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အားလုံးကို ဖိတ်ခေါ်၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့(၁၀)ဖွဲ့နှင့် ငြိမ်းချမ်းရေး  တွေ့ဆုံဆွေးနွေးခဲ့ပြီး  ကောင်းမွန်သောရလဒ်များနှင့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဘုံသဘောတူညီချက်များရရှိခဲ့သည့် အပြင် ယခုအချိန်ထိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံး နှင့် တွေ့ဆုံဆွေးနွေးရန် လမ်းဖွင့်ထားဆဲဖြစ်ပါသည်။
၇။    တစ်နိုင်ငံလုံး  ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး  သဘောတူစာချုပ် (NCA) ပါအတိုင်း တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းသည်သာ ရေရှည် တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိနိုင်ပြီး နိုင်ငံတော်တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် အမျိုးသား စည်းလုံးညီညွတ်ရေးတို့အတွက်      လမ်းကြောင်းမှန်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။  


    အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု 
    ညှိနှိုင်းရေးကော်မတီ