အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲအဖြစ် မြန်မာနှင့် ထိုင်း ယနေ့ကစားမည်

 

နေပြည်တော်   မေ  ၁၂


(၃၂) ကြိမ်မြောက် ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ် များကို မေ ၁၃ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာ အသင်းသည်    နာမည်ကြီးထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ် သည်။

 


ပွဲကြိုသတင်းစာရှင်းလင်းပွဲကို မေ ၁၂ ရက်က  ကျင်းပရာ မြန်မာ အသင်းနှင့် ထိုင်းအသင်းတို့မှ နည်းပြချုပ်များနှင့် အသင်းခေါင်းဆောင် တို့ တက်ရောက်သည်။ “ကျွန်တော်တို့ရည်မှန်းချက်အတိုင်းပဲ ဆီမီး ဖိုင်နယ်ကို ရောက်ရှိလာပြီ ဖြစ်လို့ စိတ်လှုပ်ရှားမိပါတယ်။ ဆီမီးဖိုင်နယ် မှာလည်း ကျွန်တော်တို့  ကစားသမားတွေ အမြင့်ဆုံးလုပ်ပြနိုင်လိမ့်မယ် လို့ ယုံကြည်ထားပါတယ်” ဟု  မြန်မာယူ  ၂၂ နည်းပြချုပ် ဖိုက်အွန်ဘိုင်နာ က ပြောကြားခဲ့သည်။ 

 


“ဆီမီးဖိုင်နယ်ရောက်ရှိလို့ အသင်းဖော်တွေ၊ နည်းပြတွေ၊ ပရိသတ် တွေ၊ အားလုံးကို ကျေးဇူးတင်ပါတယ်။ ထိုင်းအသင်းက နည်းဗျူဟာ ကျကျကစားတတ်တဲ့  အသင်းကောင်း တစ်သင်းပါ။   ရလဒ်ကောင်းရရှိဖို့ ကျွန်တော်တို့ အစွမ်းရှိသမျှကြိုးစားပြီး ဗိုလ်လုပွဲအတွက်   ယှဉ်ပြိုင်သွား ပါမယ်” ဟု အသင်းခေါင်းဆောင် ဇော်ဝင်းသိန်းက ပြောကြားခဲ့သည်။              

                             
ရဲရင့်လွင်