
ရန်ကုန် ဩဂုတ် ၁၆
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနနှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တို့ ပူးပေါင်းကျင်းပ သည့် အမျိုးသားအဆင့် အရည် အသွေး အခြေခံအဆောက်အအုံ ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန် မြို့ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် အမျိုးသား စံချိန်စံညွှန်းကောင်စီဥက္ကဋ္ဌ သိပ္ပံ နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်နှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဌ ဦးဇော်မင်းဝင်း တို့က အမှာစကားများ ပြောကြား ကြသည်။
အစီအစဉ်အရ တာဝန်ရှိသူ များက အမျိုးသားအဆင့်အရည် အသွေး အခြေခံအဆောက်အအုံ ခိုင်မာအားကောင်းစေရေးအတွက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်း များနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၊ အမျိုးသားအဆင့် အရည်အသွေးထောက်ခံချက်လုပ်ငန်းစဉ်များ၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများမှ ထုတ်လုပ်မှုအလေ့ အကျင့်သို့ ကူးပြောင်းခြင်း၊ ပြည်တွင်းပြည်ပ လျှပ်စစ်ပစ္စည်း ကိရိယာများ စစ်ဆေးခြင်း၊ မြန်မာနိုင်ငံရှိ ဓာတ်ခွဲခန်းများ စွမ်းဆောင်ရည်မြင့်မားရေးအတွက် ဆောင်ရွက်နေခြင်း၊ ဘေးအန္တရာယ် ကင်းသော စားသောက်ကုန်များ ထုတ်လုပ်ရောင်းချနိုင်ရေး လိုအပ် သော အကြံပြုချက်များနှင့် မြန်မာနိုင်ငံ သစ်တောထောက်ခံ ချက်ပြုရေးတို့ကို ရှင်းလင်းတင်ပြ ကြပြီး အမျိုးသားအဆင့် အရည် အသွေး အခြေခံအဆောက်အအုံ ဆိုင်ရာလုပ်ငန်းစဉ်နှင့် ပတ်သက် ၍ လိုအပ်ချက်များနှင့် အကြံပြု ချက်များကို မေးမြန်းဆွေးနွေးကြသည်။
အဆိုပါအသိပညာပေးဆွေး နွေးပွဲသို့ အစိုးရ−ပုဂ္ဂလိက ကဏ္ဍ များ၊ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ဦးစီးဌာနများ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်အသင်း များမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်