
‘‘မပြောဘဲနေတာကြာလာတဲ့အခါ မစဉ်းစားဖြစ်ဖို့လည်း ပိုပြီးလွယ်လာတယ်’’ ဆိုတဲ့စကားရပ်အတိုင်း အမိနိုင်ငံအတွက် အဓိက လိုအပ်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် ရပ်တန့်နေ၍မဖြစ်နိုင်ပါ။ ပြောနေ၊ ဆိုနေ၊ ညှိနှိုင်းနေမှ မည်ကဲ့သို့ တိုးတက်အောင် ဆောင်ရွက်မည်ဆိုသည့် စဉ်းစားချက်၊ တွေးခေါ်ချက်များ သက်ဆိုင်ရာ အဖွဲ့အစည်းများ၌ အစဉ်အမြဲ ကိန်းအောင်းနေမည် ဖြစ်ပါသည်။
(ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁၅-၁၀-၂၀၂၁ ရက်နေ့ တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုခြင်း (၆) နှစ်မြောက် နှစ်ပတ်လည်နေ့သို့ ပေးပို့သည့်သဝဏ်လွှာမှ ကောက်နုတ်ချက်)