အမေရိကန်၌ ကိုဗစ်- ၁၉ ကူးစက်မှုများ  များပြားနေသည့်အတွက် လုံခြုံစိတ်ချရသည့် ခရီးသွားနိုင်ငံစာရင်းမှ အီးယူပယ်ဖျက် 


 

ဘရပ်လ်ဆဲ  ဩဂုတ်  ၃၁


အမေရိကန်၌ ကိုဗစ် - ၁၉ ကူးစက်မှုများ များပြားနေသည့်အတွက် အီးယူအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အမေရိကန်မှလာသော ခရီးသွား များအပေါ် ကန့်သတ်မှုများ ပြန်လည်ချမှတ်ရန် ဥရောပသမဂ္ဂ ကောင်စီက ပြောသည်။  ဇွန်လအတွင်းက ဥရောပသမဂ္ဂကောင်စီသည် နွေရာသီအားလပ်ရက်အမီ လုံခြုံစိတ်ချရသည့်  ခရီးသွားနိုင်ငံများ စာရင်းတွင် အမေရိကန်ကို ထည့်သွင်းခဲ့သည်။ 
ပြီးခဲ့သည့်သီတင်းပတ်အတွင်း  အမေရိကန်တွင်  ကိုဗစ် - ၁၉ ကူးစက်ခံရသူ ၉၇၇၉၄၇ ဦးရှိပြီး သေဆုံးသူ ၇၃၉၄ ဦးရှိခဲ့သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောသည်။ အမေရိကန်ပြည်ထောင်စု အပြင် အစ္စရေး၊ လက်ဘနွန် ၊ မွန်တီနီဂရိုးနှင့် မြောက်မက်ဆီဒိုးနီးယား တို့ကိုပါ ကိုဗစ် - ၁၉ လုံခြုံစိတ်ချရသည့် နိုင်ငံစာရင်းမှ  ဖယ်ရှားခဲ့ သည်။ 
အဆိုပါနိုင်ငံများမှလာသော ခရီးသွားများ အီးယူနိုင်ငံများသို့ လာရောက်ပါက အသွားအလာကန့်သတ်မှုအပါအဝင် စိစစ်မှုများကိုလက်ခံရမည်ဖြစ်သည်။ ခရီးသွားရန် လုံခြုံစိတ်ချရသည့် နိုင်ငံများ စာရင်းတွင်  အာမေးနီးယား၊ ဩစတြေးလျ၊ အဇာဘိုင်ဂျန်၊ ဘရူနိုင်းဒါရူဆလင်၊ ကနေဒါ ၊ ဂျပန် ၊ ဂျော်ဒန် ၊ နယူးဇီလန်၊ ကာတာ၊ ဆော်ဒီအာရေးဗီးယား၊ တောင်ကိုရီးယား၊ စင်ကာပူ၊ ဆာဘီးယား၊   ယူကရိန်းနှင့် တရုတ်နိုင်ငံတို့ကို ထည့်သွင်းထားသည်။    ဆင်ဟွာ