အမေရိကန်စွမ်းအင်ကဏ္ဍနှင့် အာဆီယံစွမ်းအင်ကဏ္ဍတို့၏ နည်းပညာတီထွင်ဆန်းသစ်မှုဖွံ့ဖြိုးတိုးတက်ရေးအခွင့်အလမ်းများဆွေးနွေး

နေပြည်တော်   အောက်တိုဘာ   ၂၈ 

စင်ကာပူနိုင်ငံ၌ အောက်တိုဘာ ၂၈ ရက်တွင် ကျင်းပ ခဲ့သည့်  U.S. – ASEAN Energy & Innovation Forum သို့      လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်  ဦးသန်းဇော်နှင့်  အဆင့်မြင့် အရာရှိများက   ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်   ပါဝင် တက်ရောက်ခဲ့ကြသည်။


အဆိုပါဖိုရမ်သို့ U.S Department of Commerce မှ   တာဝန်ရှိပုဂ္ဂိုလ်များ၊   အာဆီယံနိုင်ငံများမှ စွမ်းအင်ဆိုင်ရာ    အဆင့်မြင့်အရာရှိကြီးများနှင့် ကိုယ်စားလှယ်များ၊  နိုင်ငံတကာစွမ်းအင်ကုမ္ပဏီ များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံတကာတက္ကသိုလ် များမှ ပညာရှင်များ တက်ရောက်ခဲ့ကြသည်။


U.S. – ASEAN Energy & Innovation Forum တွင် အမေရိကန်စွမ်းအင်ကဏ္ဍနှင့် အာဆီယံစွမ်းအင် ကဏ္ဍတို့၏    နည်းပညာတီထွင်ဆန်းသစ်မှုဖွံ့ဖြိုး တိုးတက်ရေး   အခွင့်အလမ်းများနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံ   Department of Commerce ၊ စင်ကာပူနိုင်ငံ Energy Market Authority ၊ Bloom Energy  (South-East Asia) ၊  Electric Power Research Institute (EPRI) နှင့် Durapower  တို့မှ အဆင့်မြင့်အရာရှိကြီးများက Energy Intensity လျှော့ချရေး၊ စွမ်းအင်စဉ်ဆက်မပြတ်သုံးစွဲနိုင်ရေး၊ စွမ်းအင်အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေးနှင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ စိန်ခေါ်မှုများအပေါ် ထုတ်ဖော်ဆွေးနွေးခဲ့ကြပြီး  Hydrogen ၊ Floating Solar ၊ Offshore Wind Energy ၊ Carbon Capture Storage နှင့်   Smart Grid စသည့်    ကဏ္ဍများ၏ တီထွင်ဆန်းသစ်မှုများနှင့်စပ်လျဉ်း၍       နှီးနှော ဖလှယ်ဆွေးနွေးပြောကြားခဲ့ကြကြောင်း      သိရ သည်။


သတင်းစဉ်