အလယ်အလတ်အဆင့် ဥပဒေအရာရှိများ မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲကျင်းပ

 

နေပြည်တော်  စက်တင်ဘာ   ၁၉


အလယ်အလတ်အဆင့် ဥပဒေအရာရှိများ မွမ်းမံ သင်တန်းအမှတ်စဉ်  (၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက် ၉နာရီခွဲတွင် ဥပဒေရေးရာ ဝန်ကြီးဌာနရှိ သုံးထပ်ဆောင် အလယ်ထပ်အစည်း အဝေးခန်းမ၌ ကျင်းပသည်။

 
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ်   ဒေါက်တာသီတာဦးက   ဤသင်တန်း သည်    ဥပဒေရေးရာဝန်ကြီးဌာန၊   တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်ရုံးများနှင့် ခရိုင်ဥပဒေရုံးအသီးသီး တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဥပဒေအရာရှိ အဆင့် ၁ နှင့် ၂ များကို ဥပဒေများစိစစ်အကြံပြုခြင်း၊ ဥပဒေအကြံဉာဏ်ပေးခြင်း၊ တရားစွဲနှင့်အမှုလိုက်ပါ ဆောင်ရွက်ခြင်းနှင့်   စာချုပ်စာတမ်းများစိစစ်ခြင်း စသည့် လုပ်ငန်းတာဝန်များကို ပိုမိုသိရှိနားလည်ပြီး လုပ်ငန်း စွမ်းဆောင်မှုအရည်အသွေး ပိုမိုတိုးတက် မြင့်မားစွာ  ထမ်းဆောင်နိုင်ကြစေရန်  ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း။ 


သင်ကြားပို့ချ


သင်တန်းတွင် Legal English ဘာသာရပ်၊ ဥပဒေ မူကြမ်းစိစစ်ရေးဘာသာရပ်အဖြစ်     ဥပဒေမူကြမ်း ရေးဆွဲခြင်း၊ ပြင်ဆင်သည့် ဥပဒေမူကြမ်းရေးဆွဲခြင်း၊ တစ်ဆင့်ခံဥပဒေမူကြမ်း ရေးဆွဲခြင်းဆိုင်ရာကိစ္စများ ကိုလည်းကောင်း၊ ဥပဒေအကြံဉာဏ်ပေးရေး ဘာသာ ရပ်အဖြစ် ပဋိညာဉ်ဥပဒေအကြောင်းသိကောင်းစရာ၊ မြေနှင့် အဆောက်အအုံငှားရမ်းခြင်းစာချုပ်၊ Force-Majeure၊ Termination Agreement ၊ Amendment Agreement ၊    Dispute   Settlement ၊    Deed  of Assignment၊ B.O.T ၊  နိုင်ငံပိုင်မြေများ  စီမံခန့်ခွဲ ခြင်းနှင့် တရားမဝင်ကျူးကျော် နေထိုင်မှုများဆိုင်ရာ မြေယာပြဿနာများ၊ ၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း)  အက်ဥပဒေနှင့်   စပ်လျဉ်းသည့် သိကောင်းစရာကိစ္စများကိုလည်းကောင်း၊ တရားစွဲနှင့် အမှုလိုက်ဘာသာရပ်အဖြစ် ပြစ်မှုဆိုင်ရာအမှုများကို တရားစွဲဆိုခြင်းမပြုမီ     ဥပဒေအကြံဉာဏ်ပေးခြင်း၊ အမှုလိုက်ပါဆောင်ရွက်ခြင်း၊ လျှောက်လဲချက်ပေး ခြင်း၊ အယူခံမှု/ပြင်ဆင်မှု၊ တရားမမှုဆိုင်ရာကိစ္စများ ကိုလည်းကောင်း၊ စီမံရေးရာဘာသာရပ်အဖြစ် နိုင်ငံ့ ဝန်ထမ်းဥပဒေ/ နည်းဥပဒေများ၊   ရုံးစစ်ဆေးခြင်း၊ စီမံရေးရာညွှန်ကြားချက်များ၊ ရသုံးမှန်းခြေငွေစာရင်း ဆောင်ရွက်ရန် လုပ်ငန်းစဉ်များကို  လည်းကောင်း သင်ကြားပို့ချမည်ဖြစ်ပါကြောင်း။   


     ကြိုးစားလေ့လာသင်ယူ


သင်တန်းတွင် အုပ်စုလိုက် သုတေသနစာတမ်း ပြုစုတင်သွင်း၍    စာတမ်းဖတ်ကြားခြင်း၊   ယင်း စာတမ်းအပေါ် ဆွေးနွေးခြင်းများ၊ ဘာသာရပ်ဆိုင်ရာ စာမေးပွဲများ ကျင်းပမည်ဖြစ်ပြီး စည်းကမ်းလိုက်နာ မှု ရမှတ်များဖြင့်ပေါင်းကာ စုစုပေါင်းရမှတ် အများ/အနည်းအလိုက်စီကာ ပထမ၊ ဒုတိယနှင့် တတိယဆု များကိုလည်း ချီးမြှင့်မည်ဖြစ်ပါကြောင်း၊ သင်တန်း တက်ရောက်မှု ၇၅ ရာခိုင်နှုန်းပြည့်စုံသူ သင်တန်းသား များကိုလည်း အလယ်အလတ်အဆင့် ဥပဒေအရာရှိ များ မွမ်းမံသင်တန်းဆင်းလက်မှတ် (Certificate) ပေးအပ်မည်ဖြစ်ပါကြောင်း၊ သင်တန်းပို့ချမည့် ဆရာ များအနေဖြင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် များမှ   ပို့ချမည်ဖြစ်ပါကြောင်း၊  သင်တန်းသားများ အနေဖြင့် အချိန်မဖြုန်းဘဲ ရသင့်ရထိုက်သည့် ဗဟု သုတများ ရယူသွားရန် ကြိုးစားလေ့လာသင်ယူသွား ရန် မှာကြားလိုကြောင်း ပြောကြားသည်။ 


လက်တွေ့လေ့ကျင့်ခန်းများ ပြုလုပ်မည်


 သင်တန်းကာလမှာ ၂၂ ရက်ဖြစ်ပြီး သင်တန်း သား ၃၀ တက်ရောက်၍ သင်တန်းသား၊ သင်တန်း သူများအနေဖြင့် ဝန်ကြီးဌာနများက လက်မှတ်ရေးထိုး ဆောင်ရွက်လေ့ရှိကြသည့် MOU၊ MOA များကို ဥပဒေ ကြောင်းအရ စိစစ်ခြင်းအား လက်တွေ့လေ့ကျင့်ခန်း များ၊ ဥပဒေမူကြမ်းစိစစ်ခြင်း လက်တွေ့လေ့ကျင့်ခန်း များ  ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီးနှင့်  ဒုတိယရှေ့နေချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းဆရာ ဆရာမ များနှင့် သင်တန်းသားများ တက်ရောက်ကြကြောင်း သိရသည်။    

 

သတင်းစဉ်