အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် ပို့ဆောင

နေပြည်တော်   မေ    ၁၇


အလွန့်အလွန်အားကောင်းသော    ဆိုင်ကလုန်း မုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ   ဖြစ်ပေါ်ခဲ့သော   ရခိုင် ပြည်နယ် စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများ အား လိုအပ်သောပစ္စည်းများ ကူညီထောက်ပံ့မှုများ ပေးနိုင်ရန် တပ်မတော်(ရေ)မှ ၂၉ မီတာ ကမ်းထိုး ရေယာဉ်တစ်စင်းသည် ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာနမှ  MPT  Mobile  Van  ကား တစ်စီး ၈ တန်အား ကျောက်ဖြူမြို့ရှိ ကပ်သပြေကမ်းထိုးရပ် ၌  တင်ဆောင်၍   မေ ၁၆ ရက်   မွန်းလွဲပိုင်းတွင် ကပ်သပြေ - စစ်တွေခရီးစဉ်အတိုင်း ထွက်ခွာခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် စစ်တွေမြို့သို့ ရောက်ရှိပို့ဆောင် ပေးခဲ့သည်။

 


အလားတူ ၂၉ မီတာ ကမ်းထိုးရေယာဉ် တစ်စင်း သည် ဆန်အိတ် ၄၀၀ နှင့် ပဲ အိတ် ၄၀  ၂၂ တန်တို့ အား စစ်တွေမြို့၌တင်ဆောင်၍ မေ ၁၆ ရက် နံနက် ပိုင်းတွင်     စစ်တွေ - ရသေ့တောင်ခရီးစဉ်အတိုင်း ထွက်ခွာခဲ့ပြီး   ရသေ့တောင်ကမ်းထိုးရပ်သို့   ယနေ့ နံနက်ပိုင်းတွင် ရောက်ရှိပို့ဆောင်ပေးခဲ့သည်။ 

 


ထို့အတူ တင့်ကားတင်ကမ်းထိုးရေယာဉ် တစ်စင်း သည် ဘူးသီးတောင်မြို့ရှိ နယ်မြေခံတပ်မှ ထောက်ပံ့ ရေးပစ္စည်း ၄၈ ထုပ်၊ MILTRUCK ဂါလန် ၂၀၀၀ ဆံ့ ကား နှစ်စီး၊ DONE FENGE ရေသန့်စက်ကားကြီး တစ်စီး၊ HINO ရေသန့်စက်ကားကြီး တစ်စင်း၊ SEINO TRUCK နှစ်စီးနှင့် ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်မှ ဆန်အိတ် ၁၅၀ စုစုပေါင်း ၅၃ ဒသမ ၅ တန်တို့အား စစ်တွေမြို့မှ  တင်ဆောင်၍  အငူမော်သို့   ပို့ဆောင် ပေးရန် ယနေ့ နံနက်ပိုင်းတွင် ထွက်ခွာသွားခဲ့သည်။ 

 


ယင်းနောက်    စစ်ရေယာဉ်(ပြည်တော်အေး-၂)သည် အမျိုးသားသဘာဝဘေး အန္တရာယ်စီမံခန့်ခွဲရေး ကော်မတီမှ   ဆန်အိတ် ၁၂၂၅၀၊  မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းမှ သွပ်အချပ် ၈၀၀၀၊ သွပ်သံ ၁၇ ဖာ၊ စားအုန်းဆီ ၁၁၄၄ ဖာ၊ သွားတိုက်ဆေးဘူး ၆၆၇ ဖာ၊ သွားတိုက်တံ   ဖာ  ၈၀၊   လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မှတ်ပုံတင်တောင်းခံ လွှာပုံစံများ ၄၈ ထုပ်၊ မြန်မာ့မီးရထားမှ တာပေါ်လင် ၁၅ ချပ်၊ မီးစက် နှစ်လုံး၊ ချိန်းဆော နှစ်လက်၊ Water Pump တစ်ခု၊ ပို့ဆောင်ရေးမှ တာပေါ်လင် ငါးလိပ်၊ မီးစက် နှစ်လုံး၊ ၃ မူးနိုင်လွန်ကြိုး သုံးခွေ၊ ချိပ်ကွင်း ၁၀၀၀ ခုပါ တစ်ထုပ်၊  စက်ပစ္စည်း နှစ်ထုပ်၊  ရိက္ခာ ခြောက်ဂျပ်ဖာ သုံးခု၊    ဖယောင်းပုဆိုး  တစ်လိပ်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ မီးစက်နှင့် ဆက်စပ် ပစ္စည်းများ၊ ဆန်အိတ် ၇၀၊ ဆီဘူး ၇၀၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနမှ ကော်ပုံးနှင့် ဒန်အိုးများ စုစုပေါင်း တန်  ၆၆၀ တို့ကို စစ်တွေမြို့သို့  ပို့ဆောင်ပေးရန် ဗိုလ်အောင် ကျော်ဆိပ်ကမ်း၌ တင်ဆောင်၍ ရန်ကုန်မြို့မှ ယနေ့ မွန်းလွဲပိုင်းတွင်    ထွက်ခွာသွားရာ    ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ် ဌာနချုပ်  တိုင်မှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိ သူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

 


အလားတူ ၂၉ မီတာ ကမ်းထိုးရေယာဉ် တစ်စင်း သည် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ရေသန့် စက်ယာဉ် တစ်စီး၊ CANOPY အမိုးစိမ်း အထည် ၈၀၊ ၆၀ ဆံ့ မိုးကာတဲ ၂၅ ခု၊ မိုးကာတဲဂျွိုင်းဆက် ရှစ်ထုပ်၊ မိုးကာတန်း ၂၅ စည်း၊ မိုးကာငုတ် နှစ်စည်း စုစုပေါင်း ၁၇ ဒသမ ၅ တန်တို့အားလည်းကောင်း၊ ၂၉ မီတာ ကမ်းထိုးရေယာဉ် တစ်စင်းသည် ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ရေသယ်ယာဉ် တစ်စီး၊  CANOPY အမိုးစိမ်း အထည် ၈၀၊   ၆၀ ဆံ့   မိုးကာတဲ  ၂၅ ခု၊ မိုးကာတဲ ဂျွိုင်းဆက် ခုနစ်ထုပ်၊ မိုးကာတန်း ၂၅စည်း၊ မိုးကာငုတ် နှစ်စည်း   စုစုပေါင်း  ၁၅ တန်တို့အား လည်းကောင်း စစ်တွေမြို့၌ တင်ဆောင်၍ စစ်တွေ-ရေချမ်းပြင်-ရသေ့တောင်ခရီးစဉ်အတိုင်း ဆက်လက် ပို့ဆောင်သွားမည်ဖြစ်သည်။

 


ထို့အတူ မေ ၁၆ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ကူညီကယ်ဆယ် ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများ တင်ဆောင် ၍  စစ်တွေမြို့သို့  ထွက်ခွာသွားသည့်  စစ်ရေယာဉ် (မဟာဗန္ဓုလ)သည် ယနေ့ညနေပိုင်းတွင် စစ်တွေမြို့ သို့ ရောက်ရှိခဲ့သည်။

 


ထို့ပြင်    စစ်ရေယာဉ် (မုတ္တမ) သည်    ကူညီ ကယ်ဆယ်ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများ၊ ကူညီကယ်ဆယ်ရေး    ဆောင်ရွက်မည့်တပ်ဖွဲ့များ နှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှဝန်ထမ်း ၁၀၄ ဦး တို့အား   တင်ဆောင်၍  မေ  ၁၆   ရက်  နံနက်ပိုင်းတွင် ဗိုလ်အောင်ကျော်ဆိပ်ကမ်းမှ      ထွက်ခွာခဲ့သည့် စစ်ရေယာဉ်(မုတ္တမ)သည် ရခိုင်ပြည်နယ် စစ်တွေ မြစ်ဝသို့ ယနေ့ညပိုင်းတွင် ရောက်ရှိခဲ့ကြောင်းနှင့် မေ ၁၈ ရက် နံနက်ပိုင်းတွင် စစ်တွေမြို့ဆိပ်ကမ်းသို့ ဆိုက်ကပ်ပြီး တင်ဆောင်လာသည့် ထောက်ပံ့ရေး ပစ္စည်းများ၊ ကူညီကယ်ဆယ်ရေး ဆောင်ရွက်မည့် တပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းများအား ပို့ဆောင်ပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။


သတင်းစဉ်