
နေပြည်တော် မတ် ၁
Atom ၏ တို့တို့ဆိုက်ကား 3D ဂိမ်း Mega Draw အနိုင်ရရှိသည့်ကားနှင့် ငွေသား၊ အထူးဆုကံထူးရှင်များရွေးချယ်ပွဲအခမ်းအနားကို ရန်ကုန်မြို့ Sule square ရှိ အက်တမ်ရုံးချုပ်၌ ဖေဖော်ဝါရီ ၂၄ ရက်က ကျင်းပရာ ကားကံထူးရှင် တစ်ဦး၊ ငွေသား ကျပ်သိန်း ၂၀၀ ကံထူးရှင်တစ်ဦးနှင့် ငွေကျပ် သိန်း ၁၀၀ ဆုများ ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကံထူးရှင် ဆုပေးပွဲတွင် အထူးဆုဖြစ်သည့် BAIC Senova D ကားအသစ်တစ်စီးကို ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင် တိုင်မြို့နယ်မှ ဒေါ်ယမင်းမြတ်က ကံထူးသွားပြီး ငွေသား ငွေကျပ်သိန်း ၂၀၀ ဆုကို တာမွေမြို့နယ်မှ ကိုဇော်ထွဋ်က ရရှိခဲ့သည်။ ငွေကျပ် သိန်း ၁၀၀ဆုများ ကိုလည်း ကံထူးရှင်အသီးသီးကို အက်တမ်၏ လုပ်ငန်းလည်ပတ်မှု ဆိုင်ရာ အမှုဆောင်အရာရှိချုပ် Ahmad Abdallah နှင့်တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်သည်။
အက်တမ် (ATOM) စတိုးအက်ပ်တွင် ကစားနိုင်သည့် တို့တို့ ဆိုက်ကား 3D ဂိမ်းကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၈ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၅ ရက်အထိ လေးလတာ ကာလအတွင်း အက်တမ် (ATOM) အသုံးပြုသူများမှ အကြိမ်အရေအတွက်ပေါင်း ၁၀၇ သန်းကျော်အထိ ပါဝင်ကစားခဲ့ကြသည်။
ဂိမ်းကစားသူများသည် ဒေတာလက်ဆောင်များ၊ ဖုန်းခေါ်ဆိုခြင်း နှင့် စာတိုပေးပို့ခြင်း အစရှိသည့် ဆုလက်ဆောင်များကို ချက်ချင်းရရှိ နိုင်ခဲ့သည့်အပြင် နှစ်ပတ်တစ်ကြိမ် ဆုများဆွတ်ခူးနိုင်ခြင်းနှင့် Mega Draw ကမ်ပိန်းတွင်လည်း ပါဝင်ကံစမ်းခွင့် ရရှိခဲ့ကြသည်။
နှစ်ပတ်တစ်ကြိမ် အက်တမ် (ATOM) က ချီးမြှင့်ခဲ့သည့် ရာသီ အလိုက် ဆုလက်ဆောင်များတွင် iPhone 13 Pro ဖုန်း အလုံး ၄၀၊ Samsung Galaxy S22 ဖုန်းအလုံး ၈၀၊ iPad Air 5 အခု ၈၀၊ Samsung Galaxy A23 ဖုန်း အလုံး ၂၄၀ နှင့် Oppo A16 ဖုန်းအလုံး ၃၆၀ အပါအဝင် ဆုအမျိုးအစားပေါင်း ၈၀၀ မဲဖောက်ပေးခဲ့ကြောင်း သိရသည်။
ဟိန်းထက်ဇော် (မြန်မာ့အလင်း)