
နေပြည်တော် မတ် ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံး မြို့နယ် မဲနယ်တောင်ဒေသရှိ ပအိုဝ်းတိုင်းရင်းသားများ နေထိုင် သော ကျေးရွာများဖြစ်သည့် နမ့်ဟူးကျေးရွာ၊ ကျောက်ကချား ကျေးရွာ၊ စံဖူးကျေးရွာ၊ ပါချားကလို့ ကျေးရွာ၊ ဒုံလိတောင်ကျေးရွာများ သို့ အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် PNLO၊ KNDF အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက် သမားများသည် ဖေဖော်ဝါရီ ၁၆ ရက်မှစတင်၍ ကျေးရွာသူ ကျေးရွာသားများ အသွင်ဖြင့် စိမ့်ဝင်ပုံဖျက်ဝင်ရောက် ခြင်း၊ ကျေးရွာများအတွင်းရှိ နေအိမ်များကို အကာအကွယ်ရယူ ၍ ဝင်ရောက်နေရာယူ လှုပ်ရှားခြင်း များလုပ်ဆောင်ခဲ့သည်။
ထိုသို့ လုပ်ဆောင်ခဲ့မှုအပေါ် ဒေသခံ ပအိုဝ်းတိုင်းရင်းသားများအနေဖြင့် လက်ခံနိုင်ခြင်းမရှိသည့် အတွက် တပ်မတော်သို့ သတင်း ပေးပို့တိုင်ကြားမှုများ ပြုလုပ်ခဲ့ ကြသဖြင့် တပ်မတော်နှင့် PNO အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အဆိုပါ ဒေသများအတွင်း လိုအပ်သည့် နယ်မြေစိုးမိုးရေးနှင့် နယ်မြေလုံခြုံ ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ PNLO ၊ KNDF အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ အနေဖြင့် ကျေးရွာများအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီး ခြင်း၊ ပြည်သူများအား လက်နက် အားကိုးဖြင့် အနိုင်ကျင့်သတ်ဖြတ် ခြင်း၊ ဒေသခံတိုင်းရင်းသားများ ပိုင်ဆိုင်သည့် ပစ္စည်းများအား အတင်းအဓမ္မ လုယက်ယူဆောင် ခြင်းတို့ကို လုပ်ဆောင်၍ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြပြီး ဒေသခံ တိုင်းရင်းသားများ အနေဖြင့် ဘေးလွတ်ရာနေရာများ၌ ယာယီ နေရပ်စွန့်ခွာနေထိုင်ခဲ့ကြရသည်။
အဆိုပါ အကြမ်းဖက်သမား များ ဖျက်ဆီးသွားခဲ့သည့် ကျေးရွာ များအတွင်း ယာယီနေရပ်စွန့်ခွာ ဒေသခံ တိုင်းရင်းသားများ ပြန်လည်အခြေချ နေထိုင်လုပ်ကိုင် စားသောက်နိုင်ရေး၊ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့ အတွက် ယနေ့နံနက်ပိုင်းတွင် ဟိုပုံး မြို့နယ် ကျောက်ကချားကျေးရွာ အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ PNO အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များက ဒေသခံတိုင်းရင်း သားများနှင့် ပူးပေါင်း၍ စုပေါင်း သန့်ရှင်းရေး လုပ်ငန်းများနှင့် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှု များကို အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ် ဟိုပုံးတပ်နယ်မှ တာဝန်ရှိသူ များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ဆောင်ရွက်ပေး ခဲ့ပြီး ဒေသခံတိုင်းရင်းသားပြည်သူ များနှင့် တွေ့ဆုံကာ ရှမ်းပြည်နယ် အစိုးရအဖွဲ့က ထောက်ပံ့ပေးအပ် သည့် အိမ်ဆောက်ပစ္စည်းများ နှင့် ထောက်ပံ့ရေးပစ္စည်းများ အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်