
နေပြည်တော် ဇူလိုင် ၂၃
အကြမ်းဖက်ခြင်း သင်နှင့်အနီးဆုံးမှာနှင့် နိုင်ငံ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး ဆိုင်ရာ ဆောင်းပါးများစာအုပ်ကို သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းက စီစဉ်ထုတ်ဝေ ဖြန့်ချိ သည်။ အဆိုပါစာအုပ်တွင် မြန်မာ့အလင်းနှင့် ကြေးမုံ သတင်းစာတို့တွင် ဖော်ပြခဲ့သည့် ဆောင်းပါးများ ထဲမှ ဆောင်းပါး ၆၉ ပုဒ် ရွေးချယ်ကာ စုစည်းဖော်ပြ ထားသည်။
ယင်းစာအုပ်တွင် ဆောင်းပါးရှင် မိုးဦးဝေက “ယနေ့ကာလ၌ ရိုးသားစွာနေထိုင်ကြသော တိုင်းရင်းသားပြည်သူများ၏ဘဝ၊ အေးချမ်းစွာနေ ထိုင်ကြသော တိုင်းရင်းသားပြည်သူများ၏ဓလေ့များ လုံးဝမကွယ်ပျောက်သေးချေ။ သို့သော် ရိုးသား စွာ နေထိုင်ကြသော တိုင်းရင်းသားများအား ဆယ်စု နှစ်တစ်ခုအတွင်း နိုင်ငံရေးအရောင်ဆိုးခဲ့ကြလေ သည်။ မွန်မြတ်သော အဖြူကို သူတို့က ခါးသီး ဖွယ်ရာ အနက်ဆိုးခဲ့ကြလေပြီ” ဟူ၍ ပင်ကိုက ရိုးသားဖြူစင်သည့် တိုင်းရင်းသားတို့၏ စိတ်ရင်းကို လူတစ်စုက နိုင်ငံရေးအကျိုးအမြတ်အလို့ငှာ အရောင်ဆိုးခဲ့ကြပုံကို အတိတ်ကအဖြစ်အပျက်များ ဖြင့် အဖြူကိုအနက်ဆိုးကြသူတို့ ဆောင်းပါးတွင် ဥပမာပေး ရေးသားထားသည်။ ယင်းစာအုပ်တွင်ပါဝင်သည့် ဆောင်းပါးတစ်ပုဒ် ဖြစ်သော ဆေးကြောင့်ဖြစ်သောအနာ ဆောင်းပါး တွင် ဆောင်းပါးရှင်သမားအိုက “ဆွဲဆောင်မှုတွေ၊ မက်လုံးတွေနဲ့ တစ်ပတ်ပြီးတစ်ပတ် ဆွဲခေါ်လာတဲ့ လမ်းကြောင်းတစ်ခုကိုလိုက်ရင်း အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ရမယ့် အခြေဆိုက်သွားနိုင် ပါတယ်။
အနာလိုပဲ ပုဒ်မ(၅၀၅-က) ဆိုတာကြီးကို ဘယ်လိုမှ တွက်မထားဘဲနဲ့ ရင်ဆိုင်ကြရတော့မယ်။ မခံနိုင်ရင်တော့ ရုံးထွက်ရာကနေ ပြေးထွက်ကြရ တော့မယ်”ဟု နိုင်ငံ့ဝန်ထမ်းများ CDM ပြုလုပ်ခြင်းနှင့် ပတ်သက်၍ အယူမမှားကြစေလိုကြောင်း တိုက်တွန်း ရေးသားထားသည်။ အဆိုပါစာအုပ်တွင် ဆောင်းပါးရှင် ထွန်းထွန်း (ခရေရိပ်) က တရားမဝင်ဖွဲ့စည်းထားသည့် CRPH၊ NUG တို့၏ လေလှိုင်းထဲမှတစ်ဆင့် တရားဝင်အစိုးရ ဖြစ်ရန် ကြိုးပမ်းမှုကြောင့် တိုင်းပြည်ထိခိုက်ခဲ့ရသည့် အခြေအနေကို နိုင်ငံသူ နိုင်ငံသားအားလုံးက ပြန်လည် အေးချမ်းသာယာလာစေရေး လက်တွဲညီညီဝိုင်းဝန်း လုပ်ဆောင်ကြရန် “တိုင်းပြည်နဲ့လူမျိုး ပြာပုံထဲမွဲပေရော့ ဆိုပြီး မီးရှို့နေတာကို ငြှိမ်းသတ်နေရတဲ့ အခြေအနေ ပါ။
မီးညွန့်တော့ကျိုးနေပါပြီ။ သို့ပေမယ့် နောက်ထပ် မီးကြွင်းမီးကျန်က ထပ်ပြီး တောက်လောင်လာတာမျိုး မဖြစ်ရလေအောင် နိုင်ငံသူ နိုင်ငံသားအားလုံးက စည်းလုံးညီညာ တက်ညီလက်ညီ ဝိုင်းဝန်းပါဝင်ကြရင် အမြန်ဆုံးပူလောင် လောင်မြိုက်မှုတွေက ကင်းဝေး ပြီး အေးချမ်းသာယာ ငြိမ်းချမ်းလာမှာပါ။ တည်ငြိမ် အေးချမ်းလာရင် လုံခြုံလာမယ်။ အဲဒီလို လုံခြုံတည် ငြိမ်လာရင် ဖွံ့ဖြိုးတိုးတက်ရေးကို ထူထောင်တည် ဆောက်နိုင်လာမယ်” ဟူ၍ တရားဝင်အစိုးရ ဖြစ်ချင် တဲ့ ဝေဒနာ ဆောင်းပါးတွင် တိုက်တွန်းရေးသားထား သည်။ ယင်းစာအုပ်ကို ရောင်းဈေးငွေကျပ် ၃၅၀၀ ဖြင့် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း စာအုပ်အရောင်းဆိုင် အမှတ်(၁၇၃/၁၇၅)၊ ပန်းဆိုးတန်းလမ်း(အလယ်) ကျောက်တံတားမြို့နယ် ရန်ကုန်မြို့ ဖုန်း ၀၁-၈၂၄၈၁၀၂၊ အမှတ်(တ-၅၅) သပြေကုန်းဈေး နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ အမှတ်(၅၂၉-၅၃၁) ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ၀၁-၈၃၈၁၄၄၈ နှင့် ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ၀၂-၄၀၃၀၁၈၆ တို့သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။
သတင်းစဉ်