အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများ လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများကို ဖော်ထုတ်အရေးယူ

 

နေပြည်တော်    နိုဝင်ဘာ   ၂၂
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရား များ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒ ဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက် ရှိသည်။
ပြည်သူများအနေဖြင့်      ယင်းတို့၏ လှုံ့ဆော်မှု၊    ဝါဒဖြန့်မှုများအပေါ်     မသိ နားမလည်၍ဖြစ်စေ၊  ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊  အသံဖြင့်ဖြစ်စေ၊    ပြုလုပ်မှုဖြင့်ဖြစ်စေ၊     တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူ အနှောင့်အယှက်ဖြစ် စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊  လှုံ့ဆော် ဝါဒဖြန့်မှုများကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေး ကူညီခြင်းများ ပြုလုပ်ခဲ့လျှင်   အကြမ်းဖက်မှု တိုက်ဖျက်ရေး  ဥပဒေပုဒ်မ  ၅၂ (က)၊  ရာဇ သတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊  အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက် ရေး ဥပဒေပုဒ်မ ၃၃ (က) နှင့် တည်ဆဲဥပဒေ  များအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အကြမ်း ဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်း ခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်း ခံရပါက  နိုင်ငံတော်ဘဏ္ဍာအဖြစ်     သိမ်းဆည်းခံရနိုင် ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့်    အသိပေး သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
ထိုကဲ့သို့    အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး      ဖြစ်သော်လည်း မွန်ပြည်နယ် ကျိုက်ထိုမြို့ နယ် ဖက္ကလိပ်ကျေးရွာနေ ယုနန္ဒာဗိုလ်သည်  ၎င်းအသုံးပြုသည့်      “Yu Nandar Bo” Facebook အကောင့်၊ ဧရာဝတီတိုင်းဒေသ ကြီး မအူပင်မြို့နယ် အမှတ် (၈) ရပ်ကွက်နေ  ချစ်စုဝေပိုင် သည်  ၎င်းအသုံးပြုသည့် “Chit Su Wai Paing” Facebook အကောင့်တို့သည် အသိပေး       သတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်း ရေးကို   ပျက်ပြားစေရန်   ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊    ဝါဒဖြန့်ခြင်းများ    ပြုမူ လုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့် အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူ ခြင်းများ ဆောင်ရွက်ခဲ့ရသည်။
ထိုကဲ့သို့ CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော      အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည်   နိုင်ငံတော်  တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရ ယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှု အပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများ အား  ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ သွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား    ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။                                    
သတင်းစဉ်