
နေပြည်တော် စက်တင်ဘာ ၁၅
မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် အောင်မြင်စွာ လက်ခံကျင်းပခဲ့သည့် အကြိမ် (၂၀)မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေး (20th AACC) သို့ တက်ရောက်ခဲ့သော နိုင်ငံများအနက် လာအိုနိုင်ငံ လေတပ်ဦးစီးချုပ် Brig. Gen. Khamlek Sengphachanh ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့နှင့် ဗီယက်နမ်နိုင်ငံလေတပ်ဦးစီးချုပ် Lt. Gen. Nguyen Van Hien ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တို့သည် ယမန်နေ့ မွန်းလွဲပိုင်းတွင်လည်းကောင်း၊ ဘရူနိုင်းနိုင်ငံလေတပ် ဦးစီးချုပ် Brig. Gen. (U) Dato Seri Pahlawan Mohammad Sharif Bin Dato Paduka Haji Ibrahim ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နှင့် ကမ္ဘောဒီးယားနိုင်ငံ လေတပ်ဦးစီးချုပ် Gen. Soeung Samnang ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် ယနေ့နံနက်ပိုင်းတွင် လည်းကောင်း နေပြည်တော်လေဆိပ်မှ သက်ဆိုင်ရာ နိုင်ငံအသီးသီးသို့ ပြန်လည်ထွက်ခွာခဲ့ရာ တပ်မတော်(လေ) မှ အရာရှိကြီးများက နေပြည်တော်လေဆိပ်တွင် လိုက်လံပို့ဆောင်ခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်