အချိန်နှင့်တစ်ပြေးညီစစ်ဆေးခြင်း (Real Time Audit) နှင့် စပ်လျဉ်းသည့် ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

 

နေပြည်တော်    မေ    ၂၇


၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှစ၍ ကျင့်သုံးမည့် အချိန်နှင့်တစ်ပြေးညီ စစ်ဆေးခြင်း   (Real Time Audit) ဆိုင်ရာ     ရှင်းလင်းဆွေးနွေးပွဲကို ယနေ့    နံနက်   ၉   နာရီခွဲက ပြည်ထောင်စု   စာရင်းစစ်ချုပ်ရုံး (နေပြည်တော်)   စုပေါင်းခန်းမ တွင်   ကိုဗစ် - ၁၉  ရောဂါဆိုင်ရာ ထုတ်ပြန်ထားသော    စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ကျင်းပ သည်။

 


ဆွေးနွေးပွဲသို့    ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ        တာဝန်ခံ အဆင့်မြင့်        အရာရှိကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ် (စစ်ဆေးရေး)၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊     ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြား ရေးမှူးများ   တက်ရောက်ကြပြီး အဖွဲ့အစည်းများ၏ လက်အောက်ခံ ဦးစီးဌာန၊     အဖွဲ့အစည်းများမှ ဘဏ္ဍာရေး တာဝန်ခံအရာရှိများ၊ တိုင်းဒေသကြီး/ ပြည်နယ်စာရင်း စစ်ချုပ်ရုံး တာဝန်ခံညွှန်ကြားရေး မှူးများနှင့် တာဝန်ရှိသူများက Virtual System ဖြင့် တက်ရောက် ကြသည်။  

 


ဆွေးနွေးပွဲ၌   ပြည်ထောင်စု စာရင်းစစ်ချုပ်     ဒေါက်တာကံဇော်  က   ယခုအချိန်သည်   နိုင်ငံတော် အနေဖြင့်    ပြည်တွင်းဘဏ္ဍာငွေ အရင်းအမြစ်အပေါ်   မူတည်၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊     လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊   လူ့စွမ်းအား အရင်းအမြစ်  ဖွံ့ဖြိုးတိုးတက်ရေး နှင့် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ များအတွက် တိုးချဲ့ရင်းနှီးမြှုပ်နှံမှု များ၊ လုပ်ငန်းစီမံကိန်းများကို  အားသွန်ခွန်စိုက် ဆောင်ရွက်လျက် ရှိပါကြောင်း၊   အဆိုပါလုပ်ငန်း စီမံကိန်းများကို အကောင်အထည် ဖော်  ဆောင်ရွက်မည့် ဌာန၊ အဖွဲ့ အစည်းများ၏      ပြည်သူ့ဘဏ္ဍာ ရန်ပုံငွေစီမံခန့်ခွဲမှုကို အထိရောက် ဆုံးနှင့်   အကောင်းဆုံးနည်းလမ်း များဖြင့် ပြည်သူ့အကျိုးအတွက် ဆောင်ရွက်မှုများကို ထိရောက်စွာ ကြီးကြပ်ခြင်း၊  စစ်ဆေးခြင်းဖြင့် အထောက်အကူပြုနိုင်စေရန် Real Time Audit ကိုဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊   တစ်ပြိုင်တည်း၊ တစ်ချိန်တည်း ကြီးကြပ်ခြင်းနှင့်စာရင်းစစ်ဆေးခြင်း (Concurrent Control, Monitoring, and Real Time Audit) သည် ယနေ့ကမ္ဘာမှာ ခေတ်အမီဆုံးနှင့် အထိရောက်ဆုံး ပြည်သူ့ဘဏ္ဍာရေး    စီမံခန့်ခွဲမှု နည်းလမ်းဖြစ်ပါကြောင်း။

 


သို့ပါ၍ ဌာန၊ အဖွဲ့အစည်းများ အနေဖြင့်   ပြည်သူ့အကျိုးစီးပွား အတွက် လုပ်ငန်းစီမံကိန်းများကို ထိရောက်စွာ   အကောင်အထည် ဖော်    ဆောင်ရွက်နိုင်ရန်   ယနေ့ ရှင်းလင်းဆွေးနွေးသည့်       Real Time Audit ဆောင်ရွက်မည့် အစီအစဉ်များနှင့်    စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းခြင်း၊ ရင်းနှီးပွင့်လင်းစွာ    အပြန်အလှန် ဆွေးနွေးခြင်းတို့ဖြင့် Real Time Audit အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်များတွင်    ဝိုင်းဝန်း ပူးပေါင်း      ဆောင်ရွက်သွားကြ စေလိုပါကြောင်း ပြောကြားသည်။

 


ထို့နောက် စစ်ဆေးရေးဦးစီး ဌာန   ညွှန်ကြားရေးမှူးချုပ်က Real Time Audit   ဆောင်ရွက် ရခြင်း၏ ရည်ရွယ်ချက်၊ စစ်ဆေး ခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူး များ၊   ဆောင်ရွက်မည့်အစီအစဉ် များနှင့်   စပ်လျဉ်း၍    ရှင်းလင်း ဆွေးနွေးသည်။

 


ယင်းနောက်    ဆွေးနွေးပွဲသို့ တက်ရောက်လာသည့်    ဝန်ကြီး ဌာန၊ အဖွဲ့အစည်းများမှ တာဝန်ခံ အဆင့်မြင့်အရာရှိများက  သိလို သည်များကို     ဆွေးနွေးမေးမြန်း ကြပြီး          မေးမြန်းမှုများအပေါ် ပြည်ထောင်စု   စာရင်းစစ်ချုပ်ရုံး တာဝန်ရှိသူများက   ရှင်းလင်း ဖြေကြား၍   ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး   အမြဲတမ်းအတွင်းဝန် နှင့် စီမံကိန်းစိစစ်ရေးနှင့်တိုးတက် မှု အစီရင်ခံရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်တို့က ပူးတွဲဆောင်ရွက် နိုင်မည့် လုပ်ငန်းများကို ပြန်လည် ဆွေးနွေးကြကာ   ပြည်ထောင်စု စာရင်းစစ်ချုပ်က နိဂုံးချုပ်အမှာ စကား ပြောကြားခဲ့ကြောင်း သိရ သည်။                      

သတင်းစဉ်