အချိန်အခါမဟုတ်မိုးရွာနိုင် မိုးကြိုးပစ်ခြင်းနှင့် မိုးသီးကြွေခြင်းဖြစ်ပေါ်နိုင်

 

နေပြည်တော်   ဇန်နဝါရီ    ၉


ယနေ့မွန်းလွဲ ၁ နာရီခွဲ တိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျားနေသော လေပွေလှိုင်းများ၏  အရှိန်ကြောင့် ဇန်နဝါရီ ၁၁ ရက်မှ ၁၅  ရက်အတွင်း  စစ်ကိုင်းတိုင်းဒေသကြီးအထက် ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊   ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့်   ချင်းပြည်နယ်တို့တွင်     နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်သည်။

 


ပြည်သူများအနေဖြင့် အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊  လျှပ်စီးလက်ခြင်းနှင့် မိုးသီး ကြွေခြင်း  စသည့်မိုးလေဝသဖြစ်စဉ်များ     ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုနိုင်ရန် အကြံပြုအပ်ပါသည်။


မိုး/ဇလ