အခြေခံတိရစ္ဆာန်ကျန်းမာရေးလုပ်သား သင်တန်းသားများအား နေပြည်တော်ကောင်စီဝင် တွေ့ဆုံအားပေး

 

ဥတ္တရသီရိ       ဇွန်    ၁၁


နေပြည်တော် ဥတ္တရခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ကြီးမှူး၍   အခြေခံ တိရစ္ဆာန်ကျန်းမာရေး လုပ်သားသင်တန်း ဖွင့်လှစ်သင်ကြားလျက်ရှိရာ ဇွန် ၁၀ ရက် တွင် သင်တန်းသားများအား နေပြည်တော် ကောင်စီဝင် ဦးဇေယျာလင်း  လာရောက် တွေ့ဆုံအားပေးရာ  မြို့နယ်မွေးမြူရေး နှင့်  ကုသရေးဦးစီးဌာနမှူး   ဒေါက်တာ တင်ထွန်းက  အခြေခံတိရစ္ဆာန်ကျန်းမာရေးလုပ်သားသင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 


အဆိုပါ  သင်တန်းတွင်   ဥတ္တရသီရိ မြို့နယ်အတွင်းမှ သင်တန်းသား ၂၃ ဦး၊ ဇေယျာသီရိမြို့နယ်အတွင်းမှ သင်တန်း သား ၁၀ ဦး၊ ပုဗ္ဗသီရိမြို့နယ်အတွင်းမှ သင်တန်းသား ၁၀ ဦး စုစုပေါင်း ၄၃ ဦး တက်ရောက်လျက်ရှိပြီး    ဥတ္တရခရိုင် မွေးမြူရေးနှင့်   ကုသရေးဦးစီးဌာန၌ သင်တန်းကာလ ငါးလကြာ စာတွေ့  လက်တွေ့သင်ကြားပေးသွားမည်   ဖြစ်သည်။

 


ဆက်လက်၍ နေပြည်တော်ကောင်စီ အဖွဲ့ဝင်  ဦးဇေယျာလင်း၊   မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူး  ဦးရဲမြတ်သိန်းနှင့်   အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူ များသည် ဇလောင်းကျေးရွာအုပ်စု ငန်းစပ် ကျေးရွာ၌ ငါးမွေးကန်တည်ဆောက်ထားရှိမှုနှင့် ဥတ္တရသီရိမြို့နယ်   အဆင့်မြှင့် နို့စားနွားမွေးမြူရေးခြံသို့   သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

 


ခရိုင်(ပြန်/ဆက်)