ပဲခူး ဇူလိုင် ၇
အခြေခံငါးမွေးမြူရေးနှင့် ဆေးထိုး သားဖောက်သင်တန်းကို ဇူလိုင် ၅ ရက် နံနက်ပိုင်းက ပဲခူးတိုင်း ဒေသကြီး ငါးလုပ်ငန်းသင်တန်း ကျောင်း၌ကျင်းပရာ ပဲခူးတိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် အမှာစကားပြော ကြားသည်။
ထို့နောက် သင်တန်းကျောင်း တာဝန်ခံက သင်တန်းကျောင်း ဆိုင်ရာ အချက်အလက်များနှင့် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ် ချက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် သင်တန်းတွင် လက်တွေ့သင်ကြားမည့် ငါးဖယ် အောင်း၊ ရွှေဝါငါးကြင်း၊ တီလား ဗီးယား၊ ငါးမြစ်ချင်း၊ ငါးပြေမ၊ တောင်ပေါ်ငါးသားလောက်၊ ငါးခုံးမ ကြီး ငါးသားပေါက်များပြုစုထားရှိ မှုနှင့် မျိုးငါးများကို ကြည့်ရှု စစ်ဆေးသည်။
အဆိုပါ အခြေခံငါးမွေးမြူရေး နှင့် ဆေးထိုးသားဖောက်သင်တန်း တွင် ငါးလုပ်ငန်းဦးစီးဌာန ဝန်ထမ်း ၁၂ ဦး၊ ပဲခူးတက္ကသိုလ် Zoology Major ဒုတိယနှစ် ကျောင်းသား ကျောင်းသူ ၂၁ ဦးနှင့် ပြင်ပငါးလုပ် ငန်းရှင် သုံးဦး စုစုပေါင်း ၃၆ ဦး တက်ရောက်သင်ကြားကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးမြို့ ရွှေသာ လျောင်း ဗုဒ္ဓရုပ်ပွားတော်ကြီး ဂန္ဓကုဋိတိုက် လျှပ်စစ်လုပ်ငန်း၊ ခေတ်မီအဆင့်မြင့် မျက်နှာကြက် တပ်ဆင်ခြင်းနှင့် လုပ်ငန်းဆောင် ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး အလှူငွေကျပ် သိန်း ၃၀ ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးမြို့အတွင်း ရန်ကုန် - မန္တလေး လမ်းဘေး ကွန်ကရစ်ရေမြောင်းနှင့် လူသွား လမ်းပလက်ဖောင်း ဆောင်ရွက် နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည် များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်



