အိုမီခရွန်ကြောင့် ကမ္ဘာ့စီးပွားရေး ထိခိုက်စေသကဲ့သို့ ဝန်ထမ်းအင်အားပြတ်လပ်မှုများ ဖြစ်ပေါ်လာ

 

နှင်းမိုးအိမ်

 

တစ်ကမ္ဘာလုံးဆိုင်ရာ   စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ    ယခုနှစ်တွင် အရှိန်လျော့သွားမည်ဟု ခန့်မှန်းထားသော်လည်း တစ်ကမ္ဘာလုံးအနှံ့ အိုမီခရွန်ကူးစက်မှုမှာ  လျင်လျင်မြန်မြန် ပျံ့နှံ့လာနေရာ  အခြေအနေ မှာ ပို၍ဆိုးရွားလာနိုင်သည်ဟုလည်း ကမ္ဘာ့ဘဏ်က ဇန်နဝါရီ ၁၁ ရက်တွင် သတိပေးခဲ့သည်။  အိုမီခရွန်ကူးစက်မှုကြောင့် စီးပွားရေး လုပ်ငန်းများ လဲပြိုရန်  ဖိအားဖြစ်လာရပြီး  စီးပွားရေးပြန်လည် နာလန်ထူမှုအပေါ်တွင်လည်း ခြိမ်းခြောက်မှုဖြစ်လာသည်။

 


ဝန်ထမ်းအင်အားပြတ်လပ်


နဂိုကတည်းကမှ လုပ်သားအင်အား နည်းပါးနေရသည့်ကြားတွင် အိုမီခရွန်ကြောင့် ဝန်ထမ်းအင်အားပြတ်လပ်မှုအထိ ဖြစ်ပေါ်ခဲ့ရသည်။ စားသောက်ဆိုင်များ၊ ဟိုတယ်များနှင့်  လေကြောင်းလိုင်းများမှာ လွန်ခဲ့သည့်     နှစ်နှစ်ကတည်းက    အခြေအနေဆိုးရွားခဲ့ရသည့် လုပ်ငန်းများဖြစ်ပြီး ယခုအိုမီခရွန်ကူးစက်မှုများကြောင့် စားသောက် ဆိုင်များနှင့်  ဟိုတယ်များတွင်  ယခင်လို  အချိန်ကုန်ဆုံးရန်  မဖြစ်နိုင် တော့ပေ။

 


ဝန်ဆောင်မှုများလျှော့ချ 


ပြီးခဲ့သည့်နှစ်  တောင်အာဖရိကတွင် အိုမီခရွန်ကူးစက်မှုစတင်ပေါ်ပေါက်လာသည့်   အချိန်မှစတင်ကာ     နိုင်ငံအချို့ရှိ     စီးပွားရေး လုပ်ငန်းများတွင် ကန့်သတ်မှုများ ပြန်လည်လုပ်ဆောင်လာရသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း  ဇန်နဝါရီလ ပထမပတ်အတွင်း ထောင်နှင့်ချီသည့် လေကြောင်းခရီးစဉ်များကို ဖျက်သိမ်းခဲ့ရသည်။ ဝန်ထမ်းအင်အားပြတ်လပ်မှုကြောင့် နယူးယောက်နှင့်ဝါရှင်တန်တို့ရှိ အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် ဝန်ဆာင်မှုများ လျှော့ချခဲ့ရသည်။

 


ရုန်းကန်နေရ 


အိုမီခရွန်ကြောင့် ဆုံးရှုံးနစ်နာရမှုများကြောင့် စီးပွားရေး ပြန်လည် နာလန်ထူရန် ခန့်မှန်းမရဖြစ်နေခဲ့ရသည်။ ဖျားနာသည့် အလုပ်သမား အင်အား များပြားလာပြီး  အမေရိကန်ငါးသန်းနီးပါးမှာ အသွားအလာ ကန့်သတ်ခံထားရသည်ဟု  ဖော်ပြထားရာ   လုံလောက်သည့်  အလုပ် သမားအင်အားရရှိရန်  ရုန်းကန်နေရသည်။ 

 


ခြောက်ဆပိုမိုများပြားလာ


အမေရိကန်တွင် အိုမီခရွန်ကူးစက်မှုမှာ လွှမ်းမိုးနိုင်သည့် ဗိုင်းရပ်စ် ဖြစ်လာသည်။  ပြီးခဲ့သည့် ဒီဇင်ဘာလ တတိယပတ်နှင့် နှိုင်းယှဉ်လျှင် ဒီဇင်ဘာလနောက်ဆုံးပတ်၌ ကူးစက်မှုမှာ ခြောက်ဆပို၍ များပြားလာ သည်ဟုလည်း သိရသည်။ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းအားလပ်ရက်ကာလ တွင်  ဝန်ထမ်းအင်အား  ပြတ်လပ်မှုနှင့်  ကြုံတွေ့လာနိုင်သည်ဟု  အာဏာပိုင်များနှင့် ကျွမ်းကျင်သူများက သတိပေးမှုများ ပြုလုပ်ခဲ့ သည်။ အိုမီခရွန်မှာ ကူးစက်မှုအလွန်လျင်မြန်သည့်အတွက် အလုပ် သမားအင်အားကို ထိခိုက်လာမည်ကို စိုးရိမ်ရကြောင်း  ဆေးဘက် ဆိုင်ရာအကြီးအကဲဖြစ်သူ မာကက်စ်ပလေစီယာက ပြောသည်။ 

 


သူနာပြုအင်အားပြတ်လပ် 


တောမီးကဲ့သို့ လျင်လျင်မြန်မြန် ပျံ့နှံ့လာသည့်အတွက် ဆေးရုံ များတွင်လည်း  ဝန်နှင့်အားမမျှအောင် ဖြစ်လာရသည်။ အမေရိကန် သူနာပြုအဖွဲ့အစည်းကလည်း သူနာပြုအင်အားပြတ်လပ်နေခြင်းကို  အမျိုးသားအကျပ်အတည်းအဖြစ် ကြေညာရန် အမေရိကန်အာဏာ ပိုင်များကို တိုက်တွန်းခဲ့သည်။  သူနာပြုဝန်ထမ်းအင်အားပြတ်လပ် မှုကြောင့် လူနာများကို ပြုစုစောင့်ရှောက်ရာတွင် ထိခိုက်မှုရှိလာမည် ကိုစိုးရိမ်ကြာင်း   အမေရိကန်သမားတော်ကောလိပ်က  ထုတ်ဖော် ပြောကြားခဲ့သည်။

 


ဆက်လက်ပေါ်ပေါက် 


ကိုဗစ် -၁၉ တိုက်ဖျက်ရေးအတွက်  ရှေ့တန်းမှလုပ်ဆောင်နေရသည့် ကျန်းမာရေးဝန်ထမ်းများတွင်       ရောဂါကူးစက်ခံထားရခြင်း သို့မဟုတ်  ရောဂါကူးစက်ခံထားရသူနှင့်    ထိတွေ့မိခြင်းတို့ကြောင့်  အသွားအလာ ကန့်သတ်ခံထားရခြင်းတို့ကြောင့်  ဝန်ထမ်းအင်အား ပြတ်တောက်မှုများ ဆက်လက်ပေါ်ပေါက်နေရသည်။
ခရစ္စမတ်ကာလအတွင်းကလည်း အမေရိကန်တွင် လေကြောင်း ပို့ဆောင်ရေးလုပ်ငန်းများ၌  ဝန်ထမ်းအင်အားပြတ်တောက်မှုများ ကြောင့် လေယာဉ်ခရီးစဉ် ဖျက်သိမ်းရမှုဖြစ်ပေါ်ပေါက်ခဲ့ရသည်။

 


အဟန့်အတားဖြစ်လာနိုင် 


ဥရောပတွင်လည်း   အိုမီခရွန်ကူးစက်မှုများကြောင့်   လူဦးရေ ထက်ဝက်နီးပါးမှာ    မတ်လအတွင်း    အသွားအလာစောင့်ကြည့် ကန့်သတ်မှုများနှင့် ရင်ဆိုင်ရမည်ဟု  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကပြောသည်။

 


ကမ္ဘာ့ဘဏ်ကလည်း တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး   နာလန်ထူ  မှုမှာ ကူးစက်မြန်သည့်  ဗိုင်းရပ်စ်ကြောင့်  အဟန့်အတားဖြစ်လာနိုင် သည်ဟု  သတိပေးခဲ့သည်။ ကူးစက်မှုအလွန်လျင်မြန်သည့်အတွက် နိုင်ငံအတော်များများတွင် ပျံ့နှံ့လာပြီဖြစ်ရာ အချို့သောနိုင်ငံများတွင် အသွားလာကန့်သတ်မှုများနှင့်   ကာကွယ်ဆေးများ  တတိယအကြိမ် ထိုးနှံပေးရန် ကြိုးပမ်းလာကြသည်။
နည်းလမ်းကောင်းမဟုတ် 
သို့သော်လည်း  မူလကိုဗစ် -၁၉ ကိုကာကွယ်ရန်အတွက် ထုတ် လုပ်ထားသည့် ကာကွယ်ဆေးများကို ထပ်ခါထပ်ခါ  ထိုးပေးခြင်းသည် ဗီဇပြောင်းများပေါ်ပေါက်လာမှုကို ကာကွယ်ပေးရန် နည်းလမ်းကောင်း မဟုတ်ဘဲ ကူးစက်မှုကို အကာအကွယ်ပေးနိုင်မည့် ကာကွယ်ဆေး အသစ် ထုတ်လုပ်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက တောင်းဆိုခဲ့ သည်။ ကာကွယ်ဆေးကို ထပ်ခါထပ်ခါထိုးနေခြင်းသည် သင့်လျော် သည့် နည်းလမ်းမဟုတ်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အကြံပေး အုပ်စုကပြောသည်။  ပြီးခဲ့သည့်  တစ်ပတ်တာအတွင်း  နောက်ထပ် ကူးစက်မှု  ရှစ်သန်းတွေ့လာရချိန်  ဥရောပတွင်လည်း ကူးစက်မှုများ ပြန်လည်များပြားလာလျက်ရှိသည်။ 

 


ဗဟိုချက်မ နေရာဖြစ်လာနိုင်


ဥရောပသည်ကူးစက်မှု၏ ဗဟိုချက်မ နေရာပြန်လည်ဖြစ်လာနိုင် ပြီး လက်ရှိနှုန်းထားအတိုင်းသာ ဆက်သွားပါက ဥရောပရှိ လူဦးရေ ထက်ဝက်နီးပါးမှာ     အိုမီခရွန်ကူးစက်ခံရဖွယ်ရှိသည်ဟု     ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက  သတိပေးထားသည်။  လာမည့်ခြောက်ပတ်မှ ရှစ်ပတ်အတွင်း ဥရောပရှိ လူဦးရေ ၅၀ ရာခိုင်နှုန်းကျော်မှာ အိုမီခရွန် ကူးစက်နိုင်သည်ဟု   ကျန်းမာရေးတိုင်းတာမှုနှင့်   အကဲဖြတ်မှု အင်စတီကျု့မှ ခန့်မှန်းထားကြောင်း သိရသည်။ 

 


သတိပေးထား 


အိုမီခရွန်ကူးစက်မှုများကြောင့်    အလုပ်သမားအင်အားပြတ် တောက်မှုများနှင့်  ကုန်ပစ္စည်းထောက်ပံ့မှုများ  ပြတ်တောက်မှု  ပိုမို ဆိုးရွားလာမည်ဟု သတိပေးထားသည်။ 
စီးပွားရေးခန့်မှန်းချက်နှင့် ပတ်သက်၍လည်း   နောက်ဆုံးထုတ်ပြန် ထားသည့် တစ်ကမ္ဘာလုံးဆိုင်ရာ  စီးပွားရေးအလားအလာ အစီရင်ခံစာ အရ ယခုနှစ်အတွက် ကမ္ဘာ့စီးပွားရေး တိုးတက်မှုမှာ ၄ ဒသမ ၁ ရာခိုင်နှုန်းသာရှိမည်ဟု ဝါရှင်တန်အခြေစိုက်ဖွံ့ဖြိုးရေး ချေးငွေအဖွဲ့ အစည်းက  ပြောသည်။ ယခင်နှစ်ကမူ ကမ္ဘာ့စီးပွားရေး တိုးတက်မှုမှာ ၅ ဒသမ ၅ ရာခိုင်နှုန်းရှိသည်။

 


လွန်ခဲ့သောနှစ်နှင့် ယခုနှစ်အတွက်  စီးပွားရေးတိုးတက်မှု ခန့်မှန်း မှုမှာ ဇွန်လအတွင်းက ခန့်မှန်းထားသည်ထက် ၀ ဒသမ၂ ရာခိုင်နှုန်း နိမ့်ကျခဲ့သည်။ ၂၀၂၀  ပြည့်နှစ်  ဇန်နဝါရီလမှစတင်ကာ  ကပ်ရောဂါ ကြောင့်   သေဆုံးမှုနှုန်းမှာ  ၅  ဒသမ ၅   သန်းနီးပါး  ရှိလာပြီ ဖြစ်သည်။           ။    
                             

ကိုးကား - ဝါရှင်တန်ပို့စ်၊ သည်ဂါးဒီးယန်း