အိုမီခရွန်ဟု အမည်ပေးထားသည့် ကိုဗစ် - ၁၉ မျိုးကွဲကို ဗြိတိန်နှင့် ဂျာမနီတို့တွင် တွေ့ရှိ

 

လန်ဒန်    နိုဝင်ဘာ  ၂၈


အိုမီခရွန်ဟုအမည်ပေးထားသည့် ကိုဗစ်-၁၉ မျိုးကွဲ အသစ်ကို   ဗြိတိန်နှင့်  ဂျာမနီတို့တွင်  ပထမဆုံး အကြိမ်အဖြစ် တွေ့ရှိခဲ့သည်ဟု သိရသည်။ 

 


အဆိုပါမျိုးကွဲကို တောင်အာဖရိကတွင် ကနဦး တွေ့ရှိခဲ့ခြင်းဖြစ်သည်။  နိုင်ငံအများအပြားကလည်း အိုမီခရွန်ကူးစက်မှုမှ တားဆီးရန်အတွက် အာဖရိက တောင်ပိုင်းနိုင်ငံများမှလာသော     ခရီးသည်များ အတွက် နယ်စပ်တွင် တင်းကျပ်မှုများ ပြုလုပ်လာ ကြသည်။     ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း အိုမီခရွန်ကို စိုးရိမ်စရာကောင်းသည့် မျိုးကွဲဟု ဖော်ပြ ထားသည်။  နိုဝင်ဘာ ၂၇ ရက်တွင်  ဗြိတိန်နိုင်ငံ၌ အိုမီခရွန်ကူးစက်ခံထားရသူ     နှစ်ဦးတွေ့ရှိထား ကြောင်း    ဗြိတိန်ကျန်းမာရေးအာဏာပိုင်များက ပြောသည်။ 

 


ဂျာမနီနိုင်ငံတွင်လည်း    တောင်အာဖရိကမှ လာသော   လူနှစ်ဦးတွင်  ရောဂါကူးစက်ခံထားရ ကြောင်း   ၎င်းက ပြောကြားသည်။  အိုမီခရွန် ကူးစက် ခံထားရသူများကို   တောင်အာဖရိက၊ ဘော့ဆွာနာ၊ ဟောင်ကောင်၊   အစ္စရေးနှင့်  ဘယ်လ်ဂျီယံတို့တွင်  တွေ့ရှိထားသည်။    နယ်သာလန်နိုင်ငံတွင်လည်း တောင်အာဖရိကမှလာသော    ခရီးသွားများတွင်  ကိုဗစ် -၁၉ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိ ခဲ့သည်။   အိုမီခရွန်သည် ကူးစက်မှုအလွန်လျင်မြန်ပြီး  နှစ်ကြိမ်ကာကွယ်ဆေး    ထိုးပြီးသူများတွင်လည်း လျင်မြန်စွာ ကူးစက်နိုင်သည်။  ထို့ကြောင့် ဗြိတိန်နိုင်ငံ အနေဖြင့်   နယ်စပ်တင်းကျပ်မှုများ လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း  ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောသည်။ 

 


 နိုဝင်ဘာ ၂၇ ရက်တွင် တောင်ကိုရီးယား၊ သီရိ လင်္ကာ၊ ထိုင်းနိုင်ငံတို့သည်လည်း တောင်အာဖရိကနှင့် အနီးပတ်ဝန်းကျင်နိုင်ငံများလာသော ခရီးသွားများ ကို    ပြည်ဝင်ခွင့်တင်းကျပ်မှုများ   ပြုလုပ်မည်ဟု ကြေညာခဲ့သည်။                     

အင်န်အိတ်ချ်ကေ