အိန္ဒိယနိုင်ငံတွင် အိုမီခရွန်ဗိုင်းရပ်စ်သစ် ထပ်မံကူးစက်ဖြစ်ပွားသူ ရှစ်ဦးတိုးလာ


 

နယူးဒေလီ ဒီဇင်ဘာ ၁၄   
အိန္ဒိယနိုင်ငံတွင်   လွန်ခဲ့သော ၂၄ နာရီအတွင်း  ကိုဗစ်-၁၉  ထပ်မံ ကူးစက်ဖြစ်ပွားသူ   ၅၇၈၄ ဦး ရှိလာသောကြောင့်  ဒီဇင်ဘာ ၁၄ ရက်တွင်   ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူပေါင်း ၃၄၇၀၃၆၄၄ ဦး အထိ ရှိလာခဲ့ကြောင်း  ကျန်းမာ ရေးဝန်ကြီးဌာန၏    နောက်ဆုံး ထုတ်ပြန်လိုက်သော    အချက် အလက်များတွင်  ဖော်ပြထား သည်။ 
ထို့ပြင်    အိုမီခရွန်ဗိုင်းရပ်စ် သစ်    ထပ်မံကူးစက်ဖြစ်ပွားသူ ရှစ်ဦးတိုးလာပြီးနောက်   နိုင်ငံ အတွင်း   အိုမီခရွန်ဗိုင်းရပ်စ်သစ်ကူးစက်ဖြစ်ပွားသူပေါင်း  ၄၉ ဦး အထိ ရှိလာပြီဖြစ်ကြောင်း အရာရှိ များက ပြောသည်။  
 အသစ်ထပ်မံ ဖြစ်ပွားသော  အိုမီခရွန်ဗိုင်းရပ်စ်သစ်   ကူးစက် ဖြစ်ပွားသူများအနက်  လေးဦးမှာ မြို့တော်ဒေလီမှ  ဖြစ်ကာ     ကျန် လေးဦးမှာ   နိုင်ငံအနောက်ပိုင်း    ရာဂျက်စတန်ပြည်နယ်မှ    ဖြစ် သည်။ 
ကိုဗစ်-၁၉ ကြောင့်    ထပ်မံ သေဆုံးသူ ၂၅၂ ဦးရှိလာမှုနှင့်အတူ စုစုပေါင်း   ကိုဗစ်-၁၉   ကြောင့် သေဆုံးသူ   ၄၇၅၈၈၈    ဦးအထိ ရှိလာခဲ့သည်။ 
နိုင်ငံအတွင်း   လတ်တလော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားလျက် ရှိသူ ၈၈၉၉၃ ဦးအထိရှိပြီး လွန်ခဲ့ သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ    ၂၄၆၃ ဦး ကျဆင်းလျော့နည်းခဲ့သည်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပျောက်ကင်းသွားပြီး   ဆေးရုံမှ ဆင်းလာသူ         စုစုပေါင်း ၃၄၁၃၈၇၆၃  ဦး ရှိလာပြီဖြစ်သည်။ အဆိုပါပမာဏအနက် လွန်ခဲ့သော ၂၄ နာရီအတွင်း  ဆေးရုံမှ ဆင်း လာသူ ၇၉၉၅ ဦးရှိသည်။ 
 ဆင်ဟွာ