
နယူးဒေလီ အောက်တိုဘာ ၆
အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၈၈၃၃ ဦးရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၃၃၈၇၁၈၈၁ ဦးရှိလာကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ထို့ပြင် အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၂၇၈ ဦးထပ်တိုးလာခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၄၄၉၅၃၈ ဦးရှိလာကြောင်း သိရ သည်။
အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှင့် သေဆုံးမှုအများဆုံးမှာ ကီရာလာပြည်နယ် တောင်ပိုင်းဖြစ်ကြောင်းနှင့် အိန္ဒိယနိုင်ငံ၌ လက်ရှိတွင် ရောဂါပိုးတွေ့ရှိဆဲလူနာပေါင်း ၂၄၆၆၈၇ ဦးရှိကြောင်း အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ ၂၄၇၇၀ ရှိခြင်း ကြောင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူ ပေါင်း ၃၃၁၇၅၆၅၆ ဦးရှိလာကြောင်း အိန္ဒိယကျန်းမာ ရေးဝန်ကြီးဌာနက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်