
နယူးဒေလီ စက်တင်ဘာ ၁၆
အိန္ဒိယနိုင်ငံ၌ စက်တင်ဘာ ၁၆ ရက်တွင် နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၆၂၉၈ ဦးအထိ ကျဆင်းလာကြောင်း ဖက်ဒရယ် ကျန်းမာရေး ဝန်ကြီးဌာနက စက်တင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။
အဆိုပါ ပမာဏမှာ စက်တင် ဘာ ၁၅ ရက်က နေ့စဉ်ကိုဗစ်-၁၉ ကူးစက်ခံရသူ ၆၄၂၂ ရှိရာမှ ကျဆင်းလာကြောင်း သိရ သည်။
အိန္ဒိယနိုင်ငံ၌ နောက်ထပ် ကိုဗစ်-၁၉ ကူးစက်ခံရသူများ နှင့်အတူ လက်ရှိတွင် ရောဂါ ကူးစက်ခံရသူ ၄၆၇၄၈ ဦးရှိပြီး နိုင်ငံအတွင်း အဆိုပါရောဂါ ကူးစက် ခံရသူစုစုပေါင်း ၄၄၅၂၂၇၇၇ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၂၃ ဦးရှိရာ ကပ်ရောဂါ စတင်ဖြစ်ပေါ်သည့် အချိန်မှစကာ သေဆုံးသူစုစုပေါင်း ၅၂၈၂၇၃ ဦး ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြော ကြားသည်။
အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါပျောက်ကင်းလာသူ ၅၉၁၆ ဦးရှိရာ ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရသူ စုစုပေါင်း ၄၃၉၄၇၇၅၆ ဦး ရှိလာပြီဖြစ် ကြောင်း ဝန်ကြီးဌာနက ပြောကြား သည်။
ဆင်ဟွာ