
နေပြည်တော် ဒီဇင်ဘာ ၂၃
အိန္ဒိယအစိုးရမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး COVAXIN တစ်သန်း လွှဲပြောင်း ပေးအပ်သည့် အခမ်းအနားကို ဒီဇင်ဘာ ၂၂ ရက် နံနက် ၄ နာရီခွဲ တွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ် အရေးကြီးပုဂ္ဂိုလ် ဧည့်ခန်းမဆောင်၌ ကျင်းပသည်။
အခမ်းအနားတွင် အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန် ရှရီ ဟာ့ရှ် ဗာ့ဒ်ဟန် ရှရင်ဂလာ က မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ကိုယ်စားလှယ် ဦးမြင့်ထွန်းဟန်ထံ သို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေး ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီး ဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များ၏ ရှေ့မှောက် တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို လွှဲပြောင်းပေးအပ်ခဲ့သည်။
အခမ်းအနားသို့ အိန္ဒိယနိုင်ငံခြားရေး အတွင်းဝန်နှင့်အတူ အိန္ဒိယကိုယ်စား လှယ်အဖွဲ့၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး ဆော်ရက်(ဘ်) ကူမားနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အိန္ဒိယနိုင်ငံက လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို လေကြောင်းဖြင့် အသုတ်လိုက် ပေးပို့သွား မည်ဖြစ်ပြီး ပထမအသုတ် ပို့ဆောင်မှု အဖြစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ မြန်မာအမျိုးသားလေကြောင်း လိုင်း၏ ကယ်ဆယ်ရေးလေယာဉ်ဖြင့် ဒီဇင်ဘာ ၂၂ ရက်တွင် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
သတင်းစဉ်