
ရန်ကုန် စက်တင်ဘာ ၂၄
ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့သည့် နိုင်ငံ အိန္ဒိယ၏ ဆန်ပို့ကုန် ကန့်သတ်ချက်များအရ မြန်မာ့ ဆန်ဈေးနှုန်းများ ဆက်လက် ဈေးကောင်းနိုင်ဖွယ် ရှိနေကြောင်း ဈေးကွက် ကျွမ်းကျင်သူများက ပြောသည်။
“အိန္ဒိယက ဆန်ကွဲတင်ပို့တာ ကို တားမြစ်ပြီး ရိုးရိုးဆန်တင်ပို့ တာကိုလည်း အခွန် ၂၀ ရာခိုင်နှုန်း တောင် စည်းကြပ်လာတယ်။ အာရှဒေသမှာ ထိုင်းနဲ့ ဗီယက်နမ် ဆန်တွေလည်း ဈေးမြင့်လာတယ်။ ဒါကြောင့်မို့လို့ မြန်မာပြည်က ဆန်ဈေးကွက်အပေါ် သက်ရောက် မှုရှိလာတဲ့ သဘောပါ။ အိန္ဒိယ ဘက်က ဆန်ပို့ကုန် ကန့်သတ် လာတဲ့နောက်ပိုင်း မြန်မာနိုင်ငံ က ဆန်ဈေးတွေလည်း ဆက်ပြီး ဈေးကောင်းနိုင်တယ်လို့ ခန့်မှန်း နေကြပါတယ်” ဟု ရန်ကုန် တိုင်းဒေသကြီး ဘုရင့်နောင်ပွဲရုံ ဆန်ဈေးကွက်မှ ဆန်ကုန်သည် တစ်ဦးဖြစ်သူ ဦးမြင့်သိန်းက ပြောသည်။
ယခင်နှစ် ဆန်စပါးအသင်း ချုပ်၏ စပါးအခြေခံရည်ညွှန်းဈေး အနေဖြင့် တင်း ၁၀၀ လျှင် ငွေကျပ် ၅၄၀၀၀၀ ဖြင့် သတ်မှတ်ခဲ့ကြပြီး ယခုနှစ်တွင် စပါးအခြေခံရည်ညွှန်း ဈေး မည်မျှသတ်မှတ်မည်ကို ဆန်ကုန်သည်ပွဲစားများနှင့် စပါး စိုက်ပျိုးတောင်သူ အများစုက စိတ်ဝင်တစား စောင့်ဆိုင်းနေကြ သည်။
“မိုးစပါးပေါ်ချိန်မှာ ကျွန်တော် တို့ ဧရာဝတီတိုင်းဒေသကြီးက အရည်အသွေးကောင်း /သတ်မှတ် စံချိန် စံညွှန်းနဲ့ညီတဲ့ စပါးဆိုရင် တင်း ၁၀၀ ဈေး ၁၃ သိန်းအထိ ပေါက်ဈေးရှိတယ်။ ဈေးကောင်း နေတဲ့သဘောပါ။ မနှစ်က မိုးစပါး ပေါ်ချိန်မှာ တင်း ၁၀၀ ကို ခုနစ် သိန်းလောက်ပဲ ရခဲ့တာပါ။ မြေ ဩဇာဈေးတွေ တက်လာတာ ကြောင့် စိုက်စရိတ်ကလည်း များလာတယ်။ ဒါကြောင့်လည်း စပါးဈေးတက်လာတာလို့ ထင်ပါ တယ်” ဟု ဧရာဝတီတိုင်းဒေသ ကြီး ကျုံပျော်မြို့မှ စပါးစိုက် တောင်သူ ဦးထွန်းထွန်းဝေ က ပြောသည်။
လက်ရှိပြည်တွင်း ဆန်ဈေး ကွက်အတွင်း ဆန်ဈေးနှုန်းများ မြင့်တက်နေသည့်အပြင် ဆန်ကွဲ တစ်အိတ်လျှင် ငွေကျပ် ၅၀၀၀ ခန့် ဈေးမြင့်တက်နေကြောင်း လည်း သိရသည်။
နန်းထက်ထက်ချစ်