အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီနှင့် ပတ်ဝန်းကျင်ဒေသများတွင် အပူလျှပ်ခြင်းကြောင့် ၁၉ ဦးသေဆုံး

နယူးဒေလီ  ဇွန်  ၂၀ 
လွန်ခဲ့သော    ၇၂    နာရီအတွင်း အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီ တွင်       အပူလျှပ်ခြင်းကြောင့် အနည်းဆုံး      ငါးဦးသေဆုံးခဲ့ပြီး အိမ်နီးချင်း နွိုင်ဒါမြို့တွင်လည်း ၁၄    ဦး   သေဆုံးခဲ့သောကြောင့် ဗဟိုအစိုးရက      သက်ဆိုင်ရာ ဆေးရုံများကို အပူလျှပ်လူနာများ အား       ဦးစားပေးကုသပေးရန် ညွှန်ကြားထားကြောင်း သိရသည်။ 
ထို့အပြင် အပူလျှပ်လူနာ ၆၀ ကျော်ကိုလည်း      သက်ဆိုင်ရာ ဆေးရုံအသီးသီးသို့ ပို့ဆောင်ထား ရ သည်။ အပူလျှပ်လူနာအများစုမှာ အလုပ်သမားများ     သို့မဟုတ် အသက်  ၆၅  နှစ်ကျော်များ ဖြစ် ကြသည်။ 
လွန်ခဲ့သော  ရက်အနည်းငယ် အတွင်း ဒေလီနှင့် အနီးဝန်းကျင် ဒေသများတွင်    ပြင်းထန်သော အပူချိန်များ   ဖြစ်ပေါ်လျက်ရှိပြီး အပူချိန်သည် နေ့အချိန်မှာပင် ၄၅ ဒီဂရီဆဲလ်စီးယပ်ဝန်းကျင်ရှိသည်။ 
ပုဂ္ဂလိက      သတင်းအေဂျင်စီ အေအင်န်အိုင်၏ ဖော်ပြချက်အရ ပူပြင်းလွန်း‌သော    ရာသီဥတုက ဒေလီမြို့တော်ရှိ      အင်ဒီယာဂန္ဒီ အပြည်ပြည်ဆိုင်ရာ     လေဆိပ်၏ လေကြောင်းလိုင်း    ဝန်ဆောင်မှု လုပ်ငန်းများအပေါ်   ဆိုးကျိုးများ      သက်ရောက်စေကြောင်း        သိရ သည်။                          ဆင်ဟွာ