အိန္ဒိယ-မြန်မာနယ်စပ်ဒေသများ၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ အမြင်ချင်းဖလှယ်ဆွေးနွေး

 

နေပြည်တော်   ဒီဇင်ဘာ   ၂၃

 


ပြည်ထောင်စုအစိုးရအဖွဲ့ရုံး       ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် သည် အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ရှရီ ဟာ့ရှ် ဗာ့ဒ်ဟန် ရှရင်ဂလာ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယမန်နေ့နံနက် ၁၁ နာရီတွင် နေပြည်တော် ရှိ      ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန(၁) ရုံးအမှတ်(၄၁)၌ လက်ခံတွေ့ဆုံသည်။

 


တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံချစ်ကြည် ရင်းနှီးစွာဆက်ဆံရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် မှုဆိုင်ရာကိစ္စရပ်များ၊ အိန္ဒိယ-မြန်မာ နယ်စပ်ဒေသ များ၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ အပေါ်  အမြင်ချင်းဖလှယ်၍     ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး လက်ဆောင်ပစ္စည်းများ   အပြန် အလှန်ပေးအပ်ခဲ့ကြသည်။


 သတင်းစဉ်