အိန္ဒိယ-မြန်မာအကြား စက်မှုနှင့်ကုန်သွယ်ရေးကဏ္ဍ၊ ခရီးသွားကဏ္ဍနှင့် စက်မှုကုန်ကြမ်းများဆိုင်ရာ ဆွေးနွေး

 

ရန်ကုန်  ဖေဖော်ဝါရီ  ၂၃


အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ငွေရေးကြေးရေး အဖွဲ့အစည်း (North Eastern Development Finance Corporation Ltd -NEDFi) မှ ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင် ခုနစ်ဦး သည် ဖေဖော်ဝါရီ ၂၂ ရက်က  ကုန်သည်စက်မှုအသင်းချုပ် တာဝန်ရှိသူ များနှင့် လာရောက်တွေ့ဆုံခဲ့သည်။

 


မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသအကြား ထောက်ပံ့ ပို့ဆောင်ရေးနှင့်  သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊   စက်မှုလုပ်ငန်း များ၊ နယ်စပ်ကုန်သွယ်ရေးအခြေအနေများ၊ ခရီးသွားလုပ်ငန်းကဏ္ဍ၊ အကောက်ခွန်နှင့်  အိန္ဒိယနယ်စပ်တစ်လျှောက် အလားအလာရှိသော စက်မှုကုန်ကြမ်းများနှင့်စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးသို့   အသင်းချုပ်ဘက်မှ ဒုတိယဥက္ကဋ္ဌ  ဒေါက်တာ ဝင်းစည်သူနှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။ 

 


NEDFi သည် အိန္ဒိယနိုင်ငံ  အရှေ့မြောက်ပိုင်းဒေသရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းကြီးများ အတွက် စက်မှုအခြေခံအဆောက်အအုံနှင့် စိုက်ပျိုးရေးဆိုင်ရာ Project  များ ထူထောင်ရာတွင်  ငွေကြေးအကူအညီထောက်ပံ့ပေးလျက်ရှိပြီး ပြည်နယ်အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအတွက်ပါ အတိုင်ပင်ခံနှင့် အကြံပေး အဖြစ်  လုပ်ဆောင်ပေးလျက်ရှိသော ပုဂ္ဂလိက ငွေရေး ကြေးရေးအဖွဲ့ အစည်းတစ်ခုဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်  (UMFCCI)မှ သိရသည်။                                                                            

ကိုရိုး